ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ ကမ္ဘာတစ်ဝှမ်းရှိ မီးတောင်များထဲမှ နာမည်ကျော်လူသိများတဲ့ "Lava Lake" နဲ့ "Yellow Stone Caldera" မီးတောင်ဝ များအကြောင်းကို ဗဟုသုတ ဖြစ်ဖွယ် မှတ်သားသိရှိရအောင် ပုံရိပ်တွေနဲ့တကွ ရေးသားဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ လတ်တလောအနုပညာလှုပ်ရှားမှု သတင်း၊ ပြည်တွင်းပြည်ပ အားကစားသတင်း (E-sports အပါအဝင်)၊ ဗဟုသုတ သတင်းစုံလင်ကို တင်ဆက်ပေးနေတဲ့ Myanmarload page ကိုlike and follow လုပ်ထားဖို့ သတိမမေ့ပါနဲ့ဦးနော်။

Photo credit Once A Glance Page

ကမ္ဘာ့ပင်လယ် ကမ်းခြေတွေထဲမှာ အလှပဆုံး နေရာတစ်ခုဖြစ်တဲ့ "Hawaii" ကျွန်းကို အားလုံးပဲ သွားရောက်လည်ပတ်ချင်ကြမှာပါနော်..။ လာရောက်လည်ပတ်ကြတဲ့ ခရီးသွားတွေ များသလို ပင်လယ်ကမ်းခြေရဲ့ အနှစ်သာရကို အပြည့်အဝ ခံစားရရှိစေတဲ့ နေရာလို့ ပြောမယ်ဆိုလည်း မမှားပါဘူးနော်။ အဲ့ ဟာဝိုင်အီကျွန်းပေါ်မှာ Lava Lake ဆိုတဲ့ မီးတောင်ဝကြီး တစ်ခုရှိပါတယ်။ အဲ့မီးတောင်ဝကြီးဟာ အချင်းဝက် ၁၅၀ မီတာရှိပြီး ချော်ရည်တွေက နာရီလက်တံအတိုင်း လှည့်ပတ်နေတာဖြစ်ပါတယ်။

Photo credit Once A Glance Page

နောက်ထပ် ဖော်ပြပေးမယ့် "Yellow Stone Caldera" မီးတောင် ထိပ်ဝကတော့ အမေရိကန်နိုင်ငံ အနောက်ဖက်ပိုင်းမှာ တည်ရှိပါတယ်။ အဲ့မီးတောင်ထိပ်ဝ ကတော့ အလွန်လှပပြီး နွေဦးပေါက် ရာသီမှာ ပို၍လှပတယ်လို့ သိရပါတယ်။ ဒါပေမဲ့ Yellow Stone ရဲ့ အောက်မှာတော့ အလွန့်အလွန် ကြီးမားတဲ့ မီးတောင်ကြီး တစ်ခုရှိပါတယ်။ အကယ်၍သာ ထိုမီးတောင်ကြီး ပေါက်ကွဲခဲ့ပါက အမေရိကန်နိုင်ငံ အနောက်ဖက် ကုန်းမြေ တစ်ဝက်လောက် ချော်ရည် ဖုံးလွှမ်းသွားနိုင်တာ ဖြစ်ပါတယ်။ နောင်လည်း စိတ်ဝင်စားဖွယ် အကြောင်းအရာတွေကို တင်ဆက်ပေးသွားမှာမလို့ ဆက်လက်စောင့်မျှော်အားပေးကြပါဦး။

Source Once A Glance Page

Photo credit Once A Glance Page

Photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "သံ ဇဉ် မိုးဇတ်" ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။