ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ ကမ္ဘာ့ အသေးဆုံး နိုင်ငံများထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ "Federation of Saint Kitts and Nevis" ကျွန်းနိုင်ငံ နှစ်ခုအကြောင်းကို ဗဟုသုတ ဖြစ်ဖွယ်မှတ်သားသိရှိရအောင် ရေးသားဖော်ပြပေးသွားမှာပါ။ လတ်တလောအနုပညာလှုပ်ရှားမှု သတင်း၊ ပြည်တွင်းပြည်ပ အားကစားသတင်း (E-sports အပါအဝင်)၊ ဗဟုသုတ သတင်းစုံလင်ကို တင်ဆက်ပေးနေတဲ့ Myanmarload page ကို like and follow လုပ်ထားဖို့ မမေ့ပါနဲ့ဦးနော်။

photo credit pngtree

ခရစ္စတိုဖာ ကိုလံဘတ်စ်ဟာ ကာရေဗိးယမ် ပင်လယ်အတွင်းရှိ စိန့်ကစ်နှင့် နီဗီးစ် ကျွန်းနှစ်ခုကို ၁၄၉၃ နှစ်တွင် ရှာဖွေ တွေ့ရှိခဲ့ပါတယ်။သို့သော် ထိုကျွန်းနှစ်ကျွန်းမှာ ၁၇ ရာစုကာလလောက်မှ လူများ စတင်အခြေချ နေထိုင်ခဲ့ကြတာ ဖြစ်ပါတယ်။ ကျွန်းနှစ်ကျွန်းပေါင်းဟာ ၂၆၉ စတုရန်းမိုင် အကျယ်အဝန်းရှိပြီး လွတ်လပ်သော နိုင်ငံတစ်ခုအဖြစ် ဗြိတိသျှ အင်ပါယာအတွင်းပေါင်းစည်းထားပါတယ်။ ယခုအချိန်မှာတော့ စိန့်ကစ်နှင့် နီဗီးစ် ပြည်ထောင်စုတွင် လူဦးရေ ၅၀၃၁၄ ဦးနေထိုင်နေပြီ ဖြစ်ပါတယ်။

photo credit pngtree

၂၀၀၈ ခုနှစ် စစ်တမ်းများအရ စိန့်ကစ်နှင့် နီဗီးစ် ပြည်ထောင်စုဟာ ကမ္ဘာပေါ်တွင် လူတစ်ဦးချင်းအလိုက် လူသတ်မှု အများဆုံးဖြစ်ပွားသော နိုင်ငံတစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် ထိုကျွန်း နှစ်ကျွန်းဟာ ကမ္ဘာလှည့် ခရီးသည်များ လာရောက် လည်ပတ်ကြတဲ့ ထင်ရှားသောနေရာဖြစ်ပြီး အမေရိကန်များ အများဆုံးလာရောက် လည်ပတ်ကြတဲ့ ခရီးသွားနေရာ တစ်ခုဖြစ်ပါတယ်။ နောင်လည်း ဗဟုသုတ ဖြစ်ဖွယ်အကြောင်းအရာတွေကို တင်ဆက်ပေးသွားမှာမလို့ ဆက်လက်စောင့်မျှော် အားပေးကြပါဦးနော်။

Source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree
photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။