ဒီတစ်ခါမှာတော့ စွန့်စွန့်စားစား ခရီးသွားဝါသနာပါတဲ့ ပရိသတ်ကြီးအတွက် အကောင်းဆုံးသော မီးပုံးပျံခရီး လိုက်ပါစီးနင်းနိုင်တဲ့ နေရာများ အကြောင်းနဲ့ပတ်သက်ပြီး ရေးသားဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ မြေပြင်ပေါ်မှာရှိသော လှပတဲ့ မြင်ကွင်းများနှင့် ရှေးဟောင်းအဆောက်အအုံများကို မီးပုံးပျံစီးပြီး ကြည့်ရှုနိုင်သော ကမ္ဘာတစ်ဝှမ်းရှိ ခရီးသွားနေရာများထဲတွင် "Yarra Valley" (ယာရာ တောင်ကြား) ဟာလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ 

photo credit pngtree

ကမ္ဘာ့အကောင်းဆုံး လေကြောင်းစီးနေရာတစ်ခုဖြစ်တဲ့ ယာရာတောင်ကြားဟာ သြစတြေလျနိုင်ငံ မဲလ်ဘုန်း မြို့မှ တစ်နာရီသာ ကားစီးရတဲ့ နေရာတွင်ရှိပါတယ်။ ထိုတောင်ကြား မီးပုံးပျံခရီးစဉ်မှာ လှိုင်းထနေသော တောင်တန်း၊ တောင် စွယ်များ၊ ကျဉ်းမြောင်းမတ်စောက် သော တောင်ကြားများနှင့် သစ်ခွ၊ စပျစ်ခြံများ အနားသတ်ထားတဲ့ တောင်အောက် ခြေရှိ မြင်ကွင်းများကို ကောင်းကင်မှ စိတ်ရွှင်လန်းဖွယ် မြင်တွေ့ရမှာ ဖြစ်ပါတယ်။ 

photo credit pngtree

ယာရာတောင်ကြား မီးပုံးပျံခရီးစဉ်ဟာ လိုက်ပါစီးနင်း ကြသူများအား လုံခြုံစိတ်ချရမှု အပြည့်အဝရရှိအောင် ဝန်ဆောင်မှုပေးထားတာပါ။ ဒါ့အပြင် မြင်ကွင်းများကို ဘောင်ကွပ်ထားသလို တောင်ထိပ်၊ တောင်ကုန်းရဲ့ ရှုခင်းများကို မြင်တွေ့ခံစားကြရသဖြင့် ထင်ရှားသောခရီးစဉ် တစ်ခုဖြစ်လာခဲ့ပါတယ်။ ထိုခရီးစဉ်ကို ဒေသ ဝိုင်စက်ရုံများမှ စတင်ထွက်ခွာပြီး အဲ့နေရာမှာပင် ပြန်လည် အဆုံးသတ်တာကြောင့်လိုက်ပါ စီးနင်းကြသူများဟာ ယာရာတောင်ကြားအနီးမှ ဝိုင် အရက် များကို အမှတ်တရ မြည်းစမ်းသောက်သုံးနိုင်ကြမှာ ဖြစ်ပါတယ်။

Source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree

သတင်း ဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။