ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ ခေတ်မီတိုးတက်တဲ့ နည်းပညာလက်ရာတွေနဲ့ တည်ဆောက်ထားတာမဟုတ်ဘဲ မြင်လိုက်တာနဲ့တင် စိတ်အေးချမ်းမှုရရှိသွားစေမယ့် ကမ္ဘာတစ်ဝှမ်းရှိ ရှေးဟောင်းတံတားတွေကို ပုံရိပ်တွေနဲ့တကွ တင်ဆက်ပြသပေးသွားမှာပါ။ ထိုတံတားတွေရဲ့ ပုံစံတွေက ထူးခြားဆန်းပြားတာကြောင့် တစ်ခြားဂြိုလ်ကမ္ဘာက တံတားတွေလို့တောင် ထင်သွားစေပါတယ်။ ဗဟုသုတ သတင်းစုံလင်ကို တင်ဆက်ပေးနေတဲ့ Myanmarload page ကို Like and follow လုပ်ထားဖို့ သတိမမေ့ပါနဲ့ဦးနော်။

Rakotiz Brucke
Photo credit Once A Glance Page

အဆိုပါ တံတားတွေနဲ့ ပတ်သက်တဲ့ သမိုင်းအကျဉ်းလေးကို ပြောပြပေးပါ့မယ်....။ ဟိုးရှေးခေတ်ခါတုန်းက တောင်အမေရိကတိုက်မှာရှိတဲ့ Inca လူ့ အဖွဲ့အစည်းတွေဟာ တံတားတည်ဆောက်မှုဆိုတာ သယ်ယူပို့ဆောင်ရေးအတွက် အလွန်အရေးပါတာကို စတင် သတိထားမိခဲ့ကြပါတယ်။ အဲ့ဒီနောက်မှာတော့ ကြိုးတံတားလေးတွေ စတင်တည်ဆောက်ခဲ့ရာမှ နောက်ပိုင်းတွင် တိုးတက်လာသော ခေတ်နှင့် အညီ တစ်ကမ္ဘာလုံးမှာ တံတားကြီးတွေဖြစ်ပေါ်လာခဲ့ပါတယ်။

Huangshan, Anhui
Photo credit Once A Glance Page

အခုဖော်ပြပေးမယ့် တံတားတွေဟာ ကမ္ဘာ့ရှေးအကျဆုံးနှင့် အလှပဆုံး စိတ်ကူးယဉ်စရာ အကောင်းဆုံး တံတားတွေပဲ ဖြစ်ပါတယ်။ ပထမဦးဆုံး မြင်တွေ့ရမယ့် တံတားလေးကတော့ ဂျာမဏီ နိုင်ငံက "Rakotiz Brucke" တံတားလေးဖြစ်ပါတယ်။ တရုတ်နိုင်ငံ က "Huangshan, Anhui" တံတားလေးကတော့ တောင်ကြီးနှစ်လုံးကို ဆက်သွယ်ထားတာပါ။ စမ်းချောင်းလေးကို အေးချမ်းတဲ့ နေရာလေးမှာ မြင်တွေ့ရမယ့် တံတားကတော့ ဥရောပနိုင်ငံငယ် "Luxembourg" မှာ တည်ရှိတာ ဖြစ်ပါတယ်။ စပိန်နိုင်ငံရှိ "Ronda, Malaga" တံတားလေးကတော့ တံတိုင်းကြီးသဖွယ် မားမားမတ်မတ် ရပ်တည်နေတာပါနော်...။

Source Once A Glance Page

Photo credit Once A Glance Page

Luxembourg
Photo credit Once A Glance Page
Ronda, Malaga
Photo credit Once A Glance Page

သတင်းဖော်ပြခွင့်ပေးတဲ့ "သံ ဇဉ် မိုးဇတ်"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။