ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ ကမ္ဘာပေါ်ရှိ ထူးခြားဆန်းပြားသစ်ပင်တွေထဲကမှ တစ်ခုဖြစ်တဲ့ "Sunland Boabab" တောင်အာဖရိကရှိ ဘိုဘက် အပင်တွေ အကြောင်းကို ဗဟုသုတ ဖြစ်ဖွယ်မှတ်သားသိရှိရအောင် ရေးသားဖော်ပြပေးသွားပါ့မယ်။ လတ်တလော အနုပညာလှုပ်ရှားမှု၊ ပြည်တွင်းပြည်ပ အားကစားသတင်း (E-sports အပါအဝင်)၊ ဗဟုသုတ သတင်းစုံလင်ကို တင်ဆက်ပေးနေတဲ့ ကျွန်ုပ်တို့ Myanmarload page ကို like and follow လုပ်ထားဖို့ သတိမမေ့ပါနဲ့ဦးနော်။

photo credit pngtree

တောင်အာဖရိကတိုက် လင်ပိုပို ပြည်နယ်တွင်ရှိနေတဲ့ ဘိုဘက်ပင် သစ်ပင်ကြီးကို အမှီပြုပြီး ဘားဆိုင်တစ်ခုအဖြစ် ဖွင့်လှစ်ထားတာကို ပရိသတ်ကြီး မြင်တွေ့ကြရမှာ ဖြစ်ပါတယ်။ မိုဂျက်ဂျီ စကလောဖ် အနီးတွင်ရှိတဲ့ ထိုပင်ကြီးဟာ ၁၉၃၃ ခုနှစ် ကတည်းက သဘာဝအလျောက် အခေါင်း ပေါက်ကြီး တစ်ခုအဖြစ် နာမည်ကျော် လူသိများလာခဲ့ပါတယ်။ ထိုအခေါင်းပေါက် အတွင်းမှာ လူ ၁၅ ယောက်သို့ မဟုတ် အယောက် ၂၁ ခန့် ထိုင်နိုင်တဲ့ အရက်ရောင်းသော ဘားအငယ်စား တစ်ခုကို ဖွင့်လှစ်ထားတာ ဖြစ်ပါတယ်။

photo credit pngtree

ထို ဘိုဘက်ပင်ကြီးဟာ တောင်အာဖရိကတွင် အမြင့်ဆုံး အပင်တစ်ပင်ဖြစ်ပြီး အာဖရိက တစ်တိုက်လုံးတွင် ပင်စည် အကြီးမားဆုံး သစ်ပင် လည်းဖြစ်ပါတယ်။ လုံးပတ် ၄၇ မီတာရှိပြီး အမြင့်မှာ မီတာ ၈၀ ဖြစ်ပါတယ်။ လွန်ခဲ့သော နှစ် ၆၀၀၀ခန့်က ပေါက်ရောက်ခဲ့တဲ့ အပင်တစ်ပင် ဖြစ်ကြောင်းကို ခန့်မှန်းသတ်မှတ်ခဲ့ကြပြီး ကမ္ဘာ့အသက် အကြီးဆုံး အပင်တစ်ပင်လို့လည်း ဆိုစမှတ်ပြုကြပါတယ်။ နောင်လည်း စိတ်ဝင်စားဖွယ် အကြောင်းအရာတွေကို တင်ဆက်ပေးသွားမှာမလို့ ဆက်လက်စောင့်မျှော် အားပေးကြပါဦး။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree
photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။