မျက်နှာပုံမမှန်ဘဲ မွေးလာတဲ့သမီးလေးကို ယုံကြည်မှုရှိအောင် ပြုစုပျိုးထောင်ပေးနေရတဲ့ မိဘနှစ်ပါး

အသက် ရနှစ်ရှိပြီဖြစ်တဲ့ နက်တီဟာ Treacher Collins Syndrome ဆိုတဲ့မွေးရာပါရောဂါ ပါလာတာဖြစ်ပါတယ်။ ဒီရောဂါက မျိုးရိုးဗီဇကြောင့်ဖြစ်ပြီး မျက်နှာပုံပန်းမမှန်ဘဲ မွေးလာတတ်ပါတယ်။

နတ်တီရဲ့မိဘနှစ်ပါးက သမီးလေးကိုယုံကြည်မှုရှိလာအောင် ခက်ခက်ခဲခဲပြုစုပျိုးထောင် ပေခဲ့ရပါတယ်။ နက်တီသုံးနှစ်အရွယ်တုန်းကတောင် အဒေါ်ကြီးနှစ်ယောက် လာကြည့်တုန်းက စိတ်မပူနဲ့ ။ ဒီခေတ်ကခွဲစိတ်လိုက်ရင် ရပါတယ်လို့တောင် ပြောခဲ့ပါတယ်။ တစ်ခြားတစ်ယောက် ဆိုရင်လည်း သူ့ရဲ့မျက်နှာက ဘာမှားနေလည်းလို့ တောင် ပြာခဲ့ပါတယ်။

ရောဂါက မျက်နှာပုံပန်းပျက်တာတင် မဟုတ်ဘဲ အသက်ရှုတာ၊ အကြားအာရုံ၊ စားသောက်တာနဲ့ စကားပြောတာကိုပါ ထိခိုုက်စေပါတယ်။ ဒါပင်မဲ့ ညာဏ်ရည်ကတော့ ပုံမှန်ရှိပါတယ်။

လူတွေရဲ့ ရက်ရက်စက်စက်ဝေဖန်မှု တစ်ချို့ကလွဲရင် နက်တီက ပုံမှန်ကလေးအတိုင်းဘဲ ကြီးပြင်းလာအောင် မိဘနှစ်ပါးက စောင့်ရှောက်ပေးခဲ့ပါတယ်။ ရွယ်တူကလေးတွေကတော့ နက်တီအခြေအနေကိုသိရင် လွယ်လွယ်ကူကူဘဲ လက်ခံလိုက်ပြီး တူတူကစားကြပါတယ်။ ဒါပင်မဲ့ လူကြီးတွေကတော့ နက်တီကိုမြင်ရင် အထူးအဆန်းလို ကြည့်ကြပြီး နက်တီကလည်း အဲ့အကြည့်တွေကို ခံစားမိပါတယ်။ ယခုအခါမှာတော့ နက်တီက အတန်းဖော်တွေနဲ့ ဆက်သွယ်လို့ရအောင် လက်ဟန်ခြေဟန်နဲ့ စကားပြောကိုသင်ယူနေပါတယ်။ လွန်ခဲ့တဲ့ ခုနှစ်နှစ်လုံးလည်း မရေတွက်နိုင်အောင် ခွဲစိတ်မှုတွေ ခံယူခဲ့ရပါတယ်။ မိဘတွေကတော့ နက်တီ့အတွက် အကောင်းဆုံးဖြစ်အောင် ကြိုးစားပေးနေပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။