screenshoot of Dota 2 twitter

2020 DPC Season ရဲ့ Third Major ဖြစ်တဲ့ ESL One Los Angeles Major ကို အမေရိကန်နိုင်ငံမှာ ကျင်းပဖို့ cancel ပီးတဲ့အခါမှတော့ Dota 2 အနေနဲ့ 4th major နဲ့ minor ကိုပါ cancel ပြုလုပ်ခဲ့ပြီပဲဖြစ်ပါတယ်။

လာမယ့် မေလ 2ရက်နေ့ကနေ 10 ရက်နေ့အထိ Russia နိုင်ငံ Moscow မြို့မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ DPC Season ရဲ့ 4th major ( EPICENTER Major 2020) ကတော့ ကျင်းပနိုင်ခြင်းရှိတော့မှာမဟုတ်ပါဘူး။

ဒါ့အပြင် လာမယ့် ဧပြီလ 23 ရက်နေ့ကနေ 26 ရက်နေ့အထိ ကျင်းပဖို့စီစဉ်ထားတဲ့ EPICENTER Major နဲ့ OGA Dota PIT Minor 2020 ကလည်း cancel ပြုလုပ်ခံခဲ့ရပြီပဲဖြစ်ပါတယ်။

Dota 2 အနေနဲ့ကတော့ သူတို့အနေနဲ့လည်း ဒီဆုံးဖြတ်ချက်ကို ခက်ခက်ခဲခဲနဲ့ချခဲ့ရတာဖြစ်ပြီး လက်ရှိကမ္ဘာတစ်လွှားမှာဖြစ်ပေါ်နေတဲ့ Covid-19 Corona Virus အခြေအနေကြောင့် cancel ပြုလုပ်ခဲ့ရတာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

Third Major ကလည်း ပြန်လည်ကျင်းပဖို့ မသေချာသေးတဲ့အချိန်မှာ 4th major နဲ့ minor ကလည်း cancel လုပ်ခံခဲ့ရပြီဆိုတဲ့သတင်းက Dota 2 pro team တွေအတွက်တော့ players တွေအတွက်ရော စိတ်မကောင်းစရာ သတင်းတစ်ပုဒ်ပါပဲ။

Source - Dota 2 twitter

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။