ပရိသတ်ကြီးရေ MPT Myanmar National League Youth (U-21)2020 အမှတ်ပေးဘောလုံးပြိုင်ပွဲ တွေကို ကျင်းပလာတာဟာ ယခုဆိုရင် ပွဲစဉ် (၁၀) ကိုရောက်ရှိလို့လာပြီလည်းဖြစ်ပါတယ်။ ပွဲစဉ်တိုင်းမှာတော့ ပြိုင်ပွဲဝင်အသင်းများက ပိုမိုကောင်းလာတဲ့ ခြေစွမ်းပိုင်းတွေနဲ့ အတူ ပရိသတ်တွေအတွက် ပွဲစဉ်ကောင်းတွေပဲဖြစ်ခဲ့ပါတယ်။ ပွဲစဉ်ကောင်းတစ်ပွဲအဖြစ် မြင်တွေ့ခဲ့ရတဲ့ ယောမြေယူ-၂၁ အသင်း နှင့် ဟံသာဝတီယူ-၂၁ အသင်း တို့ကတော့ မတ်လ ၁၆ ရက်နေ့ ညနေ ၄ နာရီ မှာ ယှဉ်ပြိုင်ကစားခဲ့ကြပါတယ်။

Photo Credit - Myanmar National League Facebook Page
Photo Credit - Myanmar National League Facebook Page

ယင်းပွဲစဉ်မှာတော့ ဟံသာဝတီယူနိုက်တက်အသင်း က ယောမြေအသင်းကို (၄-၁) ဂိုးဖြင့် ဂိုးပြတ်အနိုင်ရခဲ့ပါတယ်။ ဟံသာဝတီယူနိုက်တက်အသင်း အတွက်အဖွင့်ဂိုးကို ပွဲချိန် ၂၃ မိနစ် တွင် Thura Moe က သွင်းယူပေးခဲ့ပါတယ်။ နှစ်ဖက်အသင်းက အပြန်အလှန် ဂိုးပေါက်ခြိမ်းခြောက်မှုတွေနဲ့အတူ ဟံသာဝတီယူနိုက်တက်အသင်းက Thura Moe ရဲ့ တစ်ဂိုးဖြင့် ပထမပိုင်းမှာ ဦးဆောင်ထားနိုင်ခဲ့ပါတယ်။

Photo Credit - Myanmar National League Facebook Page
Photo Credit - Myanmar National League Facebook Page

ဒုတိယပိုင်းမှာတော့ ဟံသာဝတီအသင်းအတွက် အနိုင်ဂိုးတွေကို Tint Naing Tun Lin က ပွဲချိန် ၅၅ မိနစ် ၊ ၆၇ မိနစ်မှာ Hein Lin Soe နှင့် ၇၉ မိနစ် မှာ Sithu Aung တို့က အသီးသီးသွင်းယူပေးခဲ့ပါတယ်။ ယောမြေအသင်းကတော့ ပွဲချိန် ၈၂ မိနစ်မှာ Lal Din Cung ရဲ့ ပြန်လည်ခြေပဂိုးတစ်ဂိုးကိုသာ သွင်းယူနိုင်ခဲ့ပါတယ်။ ပွဲချိန်ပြီးဆုံးချိန်မှာတော့ ဟံသာဝတီအသင်းက ယောမြေအသင်းကို (၄-၁) ဂိုးဖြင့် ဂိုးပြတ်အနိုင်ရရှိခဲ့ပြီလည်းဖြစ်ပါတယ်။

Source & Photo Credit - Myanmar National League Facebook Page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။