မြန်မာဂုဏ်ဆောင် လက်ဝှေ့အားကစားသမား အောင်လအန်ဆန်ကတော့ မြန်မာတစ်နိုင်ငံလုံး ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို ရရှိထားသူတစ်ယောက်ဖြစ်ပါတယ်။ လူကြီး လူငယ်မရွေး တစ်နိုင်ငံလုံးရဲ့ အချစ်ကို ရရှိနေတဲ့ အောင်လအန်ဆန်ကတော့ အေချမ်းသာယာတဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားနိုင်တဲ့ အားကစားသမားတစ်ယောက်ဖြစ်ပါတယ်။

photo credit : Aung La Nsang(Burmese Python) 's facebook page
photo credit : Aung La Nsang(Burmese Python) 's facebook page

ချစ်စရာကောင်းတဲ့ သားလေးဖြစ်တဲ့ အောင်ဒီးနဲ့ မကြာခင်က မွေးဖွားထားတဲ့ သမီးလေး ဆန့်ဆိုင်းကို ပိုင်ဆိုင်ထားကတော႔ အောင်လအန်ဆန်ကတော့ လေ့ကျင်ပြင်ဆင်ပြီးတဲ့ အချိန်မှာ မိသားစုကို အချိန်အပြည့်အဝပေးနေသူဖြစ်ပါတယ်။ အောင်လအန်ဆန်ကတော့ ဗစ်တာလီဘစ်ဒက်ရှ်နဲ့ ဧပြီ(၁၀)ရက်နေ့တွင် အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့မှာ ထိုးသတ်ရမှာဖြစ်ပါတယ်။

photo credit : Aung La Nsang(Burmese Python) 's facebook page
photo credit : Aung La Nsang(Burmese Python) 's facebook page

ယခုမှာတော့ အောင်လအန်ဆန်တစ်ယောက် ပါးဖောင်းဖောင်းလေးနဲ့ အသည်းယားလောက်အောင် ချစ်စရာကောင်းလွန်းတဲ့ သမီးလေး ဆန့်ဆိုင်းရဲ့ ပုံရိပ်လေးတွေကို ချပြလာခဲ့ပါတယ်။ ချစ်ပရိသတ်တွေအတွက် သမီးလေးနဲ့ အတူ ပျော်ရွှင်နေတဲ့ အောင်လအန်ဆန်ရဲ့ ကြည်နူးစရာကောင်းလွန်းတဲ့ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

source: Aung La Nsang(Burmese Python) 's facebook page 

photo credit : Aung La Nsang(Burmese Python) 's facebook page
photo credit : Aung La Nsang(Burmese Python) 's facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။