မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်နှင့် မြန်မာနိုင်ငံအရေးပေါ် ကုသမှု ဆေးပညာရှင်များအဖွဲ့တို့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)အသိအမှတ်ပြု Zoll AED တင်သွန်းဖြန့်ချီသော SEA LION ကုမ္ပဏီတို့ ပူးပေါင်းပြုလုပ်သည့် အခြေခံအသက်ကယ်စောင့်ရှောက်မှုသင်တန်း (Basic Life Support Course) ကို မတ်လ ၁၇ရက်နေ့နံနက်ပိုင်းက သုဝဏ္ဏဘောလုံးကွင်းပထမထပ်ရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါတယ်။ 

Photo Credit -Myanmar National League Facebook Page
Photo Credit -Myanmar National League Facebook Page

မြန်မာနေရှင်နယ်လိဂ်ဘောလုံးပြိုင်ပွဲများ ကျင်းပရာတွင် အရေးပေါ်ဆေးဘက်ဆိုင်ရာ အထောက်အကူပြုစေရန် ရည်ရွယ်ပြုလုပ်သည့် ယခုသင်တန်းသို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ကျန်းမာရေးဝန်ထမ်းများ၊ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲဝင်ကလပ်အသင်းများမှ ဆေးမှူးများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ၊ တက်ရောက်သင်ယူလေ့လာခဲ့ကြပြီး သင်တန်း ဆရာ/ဆရာမများမှ စာတွေ့လက်တွေ့သင်ခန်းစာများအပြင် သရုပ်ပြတင်ဆက်မှုများဖြင့် သင်ကြားပြသပေးခဲ့ပါတယ်။

Photo Credit -Myanmar National League Facebook Page
Photo Credit -Myanmar National League Facebook Page

ဒီသင်တန်းကို MFF၊ MNL နဲ့ Myanmar Emergency Medicine Society(MEMS) တို့ ပူးပေါင်းပြုလုပ်တာပါ။သင်တန်းမစတင်မီ COVID-19 အဆုတ်ရောင်ကူးစက်ရောဂါနှင့် ပတ်သက်၍ အသိပညာပေးမှုများ ပြုလုပ်ခြင်း၊ သင်တန်းသားများအား အပူချိန်တိုင်းတာခြင်း၊ လက်ဆေးရည်များ အဆင်သင့် ထားရှိပေးခြင်းနှင့် အကာအကွယ် Mask တပ်ဆင်စေခြင်းတို့ကို ပြုလုပ်စေခဲ့ပါတယ်။သင်တန်းအပြီးတွင် မြန်မာနေရှင်နယ်လိဂ်အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်မှ သင်တန်းဆင်းလက်မှတ်များ တက်ရောက်ချီးမြှင့်ပေးခြင်း၊ သင်တန်းဆရာ၊ဆရာမများအား အမှတ်တရ လက်ဆောင်များ ပေးအပ်ခြင်း၊ ကျေးဇူးတင်စကားပြန်လည်ပြောကြားခြင်းနှင့် တက်ရောက်လာသည့် သင်တန်းသူ/သားများ၊ ဆရာ၊ဆရာမများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူး၍ အခမ်းအနားကို ရုတ်သိမ်းခဲ့ပါတယ်။

Photo Credit -Myanmar National League Facebook Page
Photo Credit -Myanmar National League Facebook Page

Source & Photo Credit -Myanmar National League Facebook Page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။