ပရိသတ်ကြီးရေ MPT မြန်မာနေရှင်နယ်လိဂ် လူငယ် (ယူ-၂၁) ၂၀၂၀ အမှတ်ပေးဘောလုံးပြိုင်ပွဲ တွေကတော့ ပြိုင်ဆိုင်မှု ပြင်းပြင်းထန်ထန် နဲ့ အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြကာ ပွဲစဉ်ကောင်းတွေပဲဖြစ်ခဲ့ပါတယ်။ ယူ-၂၁ အသင်း ကတော့ ပွဲစဉ် (၁၀) ကိုရောက်ရှိလို့လာခဲ့ပြီး ပွဲစဉ်ကောင်းတစ်ပွဲဖြစ်ခဲ့တဲ့ မတ်လ ၁၇ ရက်နေ့ ညနေ ၄နာရီ တွင် ပဒုမ္မာဘောလုံးကွင်း မှာ မောရဝတီအသင်း နှင့် ဇွဲကပင်ယူနိုက်တက်အသင်း တို့ရဲ့ ပွဲစဉ်ကို ကျင်းပပြုလုပ်ခဲ့ပါတယ်။
ယင်းပွဲစဉ်မှာလည်း ဇွဲကပင်ယူနိုက်တက်အသင်း က မောရဝတီအသင်းကို (၅-ဝ) ဂိုးဖြင့် အနိုင်ရယူခဲ့ပြန်ပြီလည်းဖြစ်ပါတယ်။ ဇွဲကပင်ယူနိုက်တက်အသင်း တွက် အဖွင့်ဂိုးကို ပွဲချိန် ၈ မိနစ် တွင် ဝင်းကိုကိုထွန်းက သွင်းယူပေးခဲ့ပါတယ်။ နောက်ထပ် ဇွဲကပင်အသင်းရဲ့ ဂိုးတွေကိုတော့ ပွဲချိန် ၁၀ မိနစ် ၊ ၁၆ မိနစ် ၊ ၆၁ မိနစ် တို့မှာ မင်းဇော်စိုး က တစ်ဦးတည်း သွင်းယူပေးခဲ့ပါတယ်။
မောရဝတီအသင်း ရဲ့ အမှားကိုအခွင့်ကောင်းယူပြီး ပွဲချိန် ၈၁ မိနစ်မှာ အာကာပြည့်စုံ က အနိုင်ဂိုးတွေကို သွင်းယူပေးခဲ့ပြီ ပွဲချိန်ပြီးဆုံးချိန်မှာတော့ ဇွဲကပင်ယူနိုက်တက်အသင်းက မောရဝတီအသင်းကို (၅-ဝ) ဂိုးဖြင့် ဂိုးပြတ်အနိုင်ရယူခဲ့ပါတယ်။ မောရဝတီအသင်းကတော့ ယခုပွဲစဉ်မှာလည်း ပွဲချိန်တစ်လျှောက် အကောင်းဆုံးယှဉ်ပြိုင်ကစားခဲ့ပေမယ့်လည်း အရှုံးနဲ့သာ ရင်ဆိုင်ခဲ့ရပါတယ်။
Source & Photo Credit -Myanmar National League Facebook Page
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။