ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ ကမ္ဘာတစ်လွှားရှိ ထူးထူးခြားခြား အဆောက်အအုံများထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ လန်ဒန်မြို့က လူမနေတဲ့ အဆောက်အအုံများအကြောင်းကို ဗဟုသုတ ဖြစ်ဖွယ်မှတ်သားသိရှိရအောင် ရေးသားဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့အနီးရှိ ဟာလာဟင်းလင်းဖြစ်နေတဲ့ အဆောက်အဦများစွာကို အားလုံးပဲ မြင်တွေ့ကြရမှာပါ။ သန်းကြွယ် သူဌေးများ အိမ်တန်းဟု ခေါ်တဲ့ ထိူနေရာဟာ ဗြိတိန်နိုင်ငံ လန်ဒန်မြို့တွင် ဈေးအကြီးဆုံး နေရာတစ်ခုလည်း ဖြစ်ပါတယ်။ ။

photo credit pngtree

ထိုအိမ်ကြီးများရဲ့ သုံးပုံတစ်ပုံက ဟာလာဟင်းလင်းဖြစ်နေကြကာ နှစ်ပေါင်း ၃၀ နီးပါး စွန့်ပစ်ထားကြတဲ့ အိမ်များ ဖြစ်ကြပါတယ်။ အဲ့အိမ်များရဲ့ တန်ဖိုးဟာ လန်ဒန်သားများ မဝယ်ယူနိုင်တဲ့ ဈေးနှုန်းများဖြစ်နေသော်လည်း ပြည်ပ နိုင်ငံသားများက ထိုနေရာမှ အိမ်များကို ဝယ်ယူရန် စိတ်ဝင်စားကြပါတယ်။ ဘယ်သူမှ မနေထိုင်တော့တဲ့ အိမ်ကြီး ၁၀ လုံးပါဝင်ပြီး မြေနေရာတစ်ခုရဲ့ တန်ဖိုးဟာ စတာလင်ပေါင် ၇၃ သန်းဖြစ်ပါတယ်။ ထိုနေရာက အိမ်အများစုကို ဆော်ဒီအာရေဗီးယားမှ တော်ဝင်မိသားစုများက ဝယ်ယူပိုင်ဆိုင်ထားကြတာ ဖြစ်ပါတယ်။

photo credit pngtree

ဆော်ဒီ တို့က ၁၉၈၉ ခုနှစ် နှင့် ၁၉၉၃ ခုနှစ်မျာ းအတွင်းက ဝယ်ယူထားခဲ့ကြပြီး ဒီအတိုင်း အသုံးမပြုဘဲ ပစ်ထားခဲ့ကြတာပါ။ လန်ဒန်မြို့၊ သန်းကြွယ်သူဌေး အိမ်တန်းအနီးတွင် ၁၀ နှစ်ကျော်ကြာ နေထိုင်လျက်ရှိတဲ့ အီဂျစ်လူမျိုး ခွဲစိတ်သမားတော် ဒေါက်တာ မဂ်ဒီအဒစ်ဘ် အီရှတ်ဟာနာ ဆိုသူက "သူနေထိုင်ခဲ့တဲ့ ကာလတစ်လျောက် အိမ်နီးချင်း တစ်ယောက်ကိုမှ မတွေ့ရ ကြောင်းနှင့် သူရောက်ရှိနေချိန်မှစ၍ အိမ်သုံးလုံးသာ လူနေတယ်လို့ ယူဆရကြောင်း" ပြောကြားခဲ့ပါတယ်။

Source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree 

photo credit pngtree
photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။