ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ အရင်ပတ်တွေနဲ့မတူညီဘဲ ပိုမိုထူးခြားတဲ့ အကြောင်းအရာလေးကို မျှဝေတင်ဆက်ပေးသွားမှာပါ။ ထိုအကြောင်းအရာကတော့ ပျောက်ကွယ်သွားပြီတဲ့ "Mayan" မာယာ လူမျိုးများပဲ ဖြစ်ပါတယ်။ အဆိုပါ အကြောင်းအရာကို မဖော်ပြသေးခင်မှာ စာဖတ်ပရိသတ်ကြီး အမြဲ update ဖြစ်ရအောင် အနုပညာ၊ အားကစား၊ ဗဟုသုတ အစရှိတဲ့ သတင်းအမျိုးအစား အစုံအလင်သာမက အခြားစိတ်ဝင်စားဖွယ် တီဗီအစီအစဉ်တွေကိုပါ ပြသပေးနေတဲ့ Myanmarload page ကို like and follow လုပ်ထားဖို့ မှာကြားချင်ပါတယ်နော်။ 

photo credit Once A Glance Page

မာယာလူမျိုးများဟာ အနာဂတ်ကိုကြိုမြင်ကြတယ်လို့လည်း အချို့ကဆိုကြပါတယ်။ ၂၀၁၂ ခုနှစ်မှာ ကမ္ဘာပျက်မယ်ဆိုပြီး ရေပန်းစားခဲ့တဲ့ ကိစ္စဟာ မာယာလူမျိုးတို့ရဲ့ ဟောကိန်းကြောင့်ပဲဖြစ်ပြီး အားလုံးက တုန်လှုပ်ခဲ့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ရဲ့ ပြက္ခဒိန်မှာ အဲ့ဒီနှစ်က နောက်ဆုံးဖြစ်ပြီး ကမ္ဘာ့သက်တမ်း ကုန်ဆုံးသွားတယ်ဆိုတဲ့ သဘောနဲ့ တူနေလို့ပါ။ အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး "2012" ဆိုတဲ့ ထိတ်လန့် ခြောက်ခြားစရာကောင်းသော ကမ္ဘာပျက်ရုပ်ရှင် ဇာတ်ကားကြီးကိုလည်း အားလုံးပဲ ကြည့်ဖူးကြမှာပါ။ ဒါပေမယ့် အခုချိန်ထိကို မာယာ ပြက္ခဒိန်ရဲ့ ဟောကိန်းက ကံကောင်းစွာနဲ့ပဲ မမှန်ခဲ့သေးပါဘူးနော်။

photo credit Once A Glance Page

အဲ့ဒီ ပျောက်ဆုံးသွားပြီဖြစ်တဲ့ မာယာလူမျိုးတွေရဲ့ နောက်ထပ် ထူးခြားသော အကြောင်းအရာကို ပြောပြပေးပါ့မယ်။ "Mayan Hell" လို့ခေါ်သော ဒုက္ခဘုံသို့ သွားရာ လမ်းလို့ ယူဆရတဲ့ ဂူတစ်လုံးကို မက္ကစီကိုနိုင်ငံ Yucatan မှာ သိပ္ပံပညာရှင်တို့က တွေ့ရှိခဲ့ပါတယ်။ မာယာ လူမျိုးတွေက ကမ္ဘာ့ အတွင်းပိုင်း ဒုက္ခဘုံကို ဂူထဲကနေ သွားရင် ရောက်တယ်လို့ ယူဆ ထားပုံ ရပါတယ်။ ဂူပေါက်ကနေ ဝင်သွားရင် ရုပ်ထုတွေ၊ လှိုင်ခေါင်းတွေ၊ ကျောင်းဆောင်တွေ၊ လူ့ခန္ဓာကိုယ်ရုပ်ကြွင်းတွေကို ဖြတ်ပြီး ဂူအောက် ရေကန်မှာ လမ်းဆုံးသွားတာ ဖြစ်ပါတယ်။ ရေကန် ထဲမှာလည်း ဝင်ပေါက်တွေ နောက်ထပ် ရှိနေဦး မယ်လို့ ယူဆကြပါတယ်။ တစ်ကယ်ပဲ ဂူအောက်ရေကန်ကြီးထဲက ဝင်သွားမယ်ဆိုရင် ဒုက္ခဘုံ (သို့မဟုတ်) ငရဲပြည်ကို ရောက်နိုင်လား၊ မရောက်နိုင်ဘူးလားဆိုတာ ပရိသတ်ကြီးတို့ရဲ့ ထင်မြင်ချက်တွေကို မျှဝေပေးသွားပါဦးနော်။ 

source Once A Glance Page

photo credit Once A Glance Page 

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "သံ ဇဉ် မိုးဇတ်"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။