ကမ္ဘာတစ်ဝှမ်းရှိ လည်ပတ်ခွင့်မပြုတဲ့ တားမြစ်နယ်မြေများထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ "Lascaux Caves" လက်စကောက်စ် လိုဏ်ဂူအကြောင်းကို ဗဟုသုတ ဖြစ်ဖွယ် မှတ်သားသိရှိရအောင် ရေးသားဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ ပြင်သစ်နိုင်ငံ အနောက်တောင်ပိုင်းတွင်တည်ရှိတဲ့ လက်စကောက်စ်ဟာ သဘာဝလိုဏ်ဂူများ စုစည်းတည်ရှိ နေရာတစ်ခု ဖြစ်ပါတယ်။ ကျောက်ခေတ်ကာလအတွင်း ဂူများမှာ နေထိုင်ခဲ့ကြသော ရှေးဦးလူသားများ ရေးဆွဲခဲ့တဲ့ ဂူနံရံ ပန်းချီများကြောင့် အလွန်ထင်ရှားတာ ဖြစ်ပါတယ်။

photo credit pngtree

ထိုဂူတွင် ကျောက်ခေတ်နှောင်းပိုင်း ပန်းချီလက်ရာ ၉၀၀ရှိပြီး အားလုံးဟာ ပြီးလုနီးပါး အနေအထားအတိုင်း ကျန်ရှိနေပါတယ်။ ပန်းချီကားများရဲ့ သက်တမ်းကို လွန်ခဲ့သော နှစ် ၁၇၃၀၀ခန့်က ရေးဆွဲထားခဲ့တာ ဖြစ်နိုင်ကြောင်း ပညာရှင်များက ခန့်မှန်းခဲ့ကြပါတယ်။ ထိုပန်းချီများတွင် အဓိကအားဖြင့် ကြီးမားသော တိရိစ္ဆာန်များရဲ့ ပုံများကို ရေးဆွဲထားတာ ဖြစ်ပါတယ်။ ကျောက်ခေတ် လူသားများဟာ သူတို့ရှင်သန်နေထိုင်ခဲ့တဲ့ အချိန်က တိရိစ္ဆာန်ပုံများ ရေးဆွဲထားခဲ့ကြောင်းကို ထိုကျောက်ဖြစ်ရုပ်ကြွင်းများက သက်သေပြနေတာ ဖြစ်ပါတယ်။ လက်စကောက်စ် လိုဏ်ဂူများအား လည်ပတ်ကြည့်ရှုခွင့်ကို ၁၉၆၃ ခုနှစ်ကတည်းက ပိတ်ပင်ထားခဲ့ပါတယ်။

photo credit pngtree

လွန်ခဲ့သော နှစ်များအတွင်း ဂူနံရံပန်းချီများဟာ မရှင်းပြနိုင်တဲ့ အကြောင်းများကြောင့် ပျက်စီးမယ့် အန္တရာယ်များဖြင့် ရင်ဆိုင်ခဲ့ကြပါတယ်။ ဂူအတွင်း လူများဝင်ရောက်တာက ပန်းချီကားများကို ပျက်စီးစေနိုင်တာကြောင့် ဂူအတွင်းသို့ လုံခြုံရေးဝန်ထမ်း တစ်ဦးကိုသာ တစ်ပတ်လျှင် တစ်ကြိမ် အချိန်အနည်းငယ် ဝင်ခွင့်ပြုထားပါတယ်။ လက်စကောက်စ်လိုဏ်ဂူများဟာ ၁၉၇၉ ခုနှစ်တွင် ကမ္ဘာ့ကုလသမဂ္ဂ၊ ယူနက်စ်ကို အဖွဲ့ရဲ့ ကမ္ဘာ့အမွေအနှစ်ဒေသအဖြစ် အသိအမှတ်ပြုခြင်းခံခဲ့ရပါတယ်။

Source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree
photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။