ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ ကမ္ဘာကျော်ပန်းချီကားတစ်ချပ်ဖြစ်တဲ့ မိုနာလီဇာရဲ့ လျှို့ဝှက်မျက်လုံးအကြောင်းကို ဗဟုသုတ ဖြစ်ဖွယ် သိရှိမှတ်သားရအောင် ရေးသားဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ လီယိုနာဒို ဒါဗင်ချီ ရေးဆွဲခဲ့သည့် မိုနာလီဇာ ပုံတူ ပန်းချီကားကို ကမ္ဘာတစ်ဝန်းက မသိသူမရှိလောက်အောင် ထင်ရှားပြီး မိုနာလီဇာရဲ့ အဓိပ္ပာယ်ဖော်ရခက်တဲ့ အပြုံးဟာ ရှုပ်ထွေးမှုများစွာ ရှိနေခဲ့ပါတယ်။ ဒါ့အပြင် မျက်လုံးအတွင်းပိုင်းကိုလည်း အီတလီ သမိုင်းပညာရှင်များက အနုကြည့်မှန်ဘီလူးဖြင့် ချဲ့၍ကြည့်ခဲ့ရာ သေးငယ်သော ကိန်းဂဏန်းများနှင့် စကားလုံးများကို မြင်တွေ့ခဲ့ကြတယ်လို့ ဆိုပါတယ်။

photo credit pngtree

မိုနာလီဇာ ပုံပေါ်တွင် ကျွမ်းကျင်သူများက ရှင်းလင်းစွာမြင်နေရတဲ့ စာလုံးများနှင့် ကိန်းဂဏန်းများဟာ ပန်းချီရေးဆွဲသူ လီယိုနာဒို ဒါဗင်ချီရဲ့ လျို့ဝှက်သင်္ကေတတစ်ခုခုကို ကိုယ်စားပြုနေခြင်း ဖြစ်တယ်လို့ ယူဆခဲ့ကြပါတယ်။ မိုနာလီဇာရဲ့ ယာဘက်မျက် လုံးတွင် LV ဟူတဲ့စာသားကို မြင်ကြရမှာဖြစ်ပြီး LV ဟာ Leonado Da Vinci ကိုပြောခြင်းဖြစ်ပြီး ဝဲဘက်မျက်လုံးတွင်မြင်ရတဲ့ စကားလုံးများကိုတော့ အဓိပ္ပာယ် မဖော်နိုင်သေးပါဘူး။ ထိုစာလုံးများကို CE သို့မဟုတ် B ဟုမြင်ရပြီး ထိုစကားလုံးကို ရှင်းလင်းစွာ အဓိပ္ပာယ်ဖော်ရန် အခက်အခဲတွေ့ခဲ့ရပါတယ်။

photo credit pngtree

မိုနာလီဇာရဲ့ မျက်ခုံးနောက်ခံတွင် 72 ဂဏန်းကိုမြင်ရပြီး ထိုအရာဟာ L နှင့် 2 လည်းဖြစ်နိုင်ပါတယ်။ ပုံရဲ့နောက်ပိုင်းတွင် စတုတ္ထမြောက် ကိန်းပျက်နေတဲ့ 149 ကိုမြင်ကြရပြီး ထိုကိန်းဂဏန်းဟာ လီယိုနာဒို ဒါဗင်ချီ မီလန်မြို့တွင် ရှိနေတုန်းက မိုနာလီဇာ ပုံကိုရေး ဆွဲခဲ့တဲ့ ၁၄၉၀ ပြည့်နှစ်များကို ဖော်ညွှန်းတာ ဖြစ်ကြောင်း ယူဆကြပါတယ်။ ယခုအခါမှာတော့ မိုနာလီဇာပန်းချီကားဟာ သက်တမ်း နှစ် ၅၀၀ ကျော်ခဲ့ပြီဖြစ်ရာ ပုံတွင်ရေးထားခဲ့တဲ့ စာလုံးများနှင့် ကိန်း ဂဏန်းများဟာ မူလရေးခဲ့စဉ် အချိန်တုန်းကလောက် ရှင်းလင်းပြတ်သားမှု မရှိတော့တာကို သတိပြုကြရမှာ ဖြစ်ပါတယ်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။