အစားတစ်လိုင်းပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ ရေစိမ်ခေါက်ဆွဲ ချက်ပြုတ်နည်းလေး သိရှိရအောင် ဗီဒီယိုဖိုင်လေးနဲ့တကွ တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ MLTV ရဲ့ ပင်တိုင်စားဖိုမှူးလေးဖြစ်တဲ့ "Master Chef Myanmar Season 1 top 3" ပြိုင်ပွဲဝင် မနီလာအောင်ဝင်းကနေ အနံ့အရသာ ပြည့်စုံလှတဲ့ ရေစိမ်ခေါက်ဆွဲ ပြုလုပ်နည်းလေးကို ချက်ပြုတ်ပြသပေးသွားမှာပါ။

photo by Myanmarload TV

ပထမဦးဆုံးအနေနဲ့ အဓိကပါဝင် ပစ္စည်းလေးတွေကို ပြောပြေပေးသွားပါ့မယ်။ ရေစိမ်ခေါက်ဆွဲ၊ ရေမုန့်ညှင်း၊ ဂျင်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ကြက်သား၊ ကြက်အရိုး၊ ခရမ်းချဉ်သီး...စတာတွေပဲ ဖြစ်ပါတယ်။ အရင်ဆုံး ပြုတ်မယ့်အိုးထဲကို စပါးလင်၊ ကြက်အရိုးများ၊ ဆားအနည်းငယ်၊ ခရမ်းချဉ်သီးများကို ထည့်ပြုတ်ရမှာ ဖြစ်ပါတယ်။

photo by Myanmarload TV

အဲ့လို ပြုတ်ပြီးတဲ့အခါမှာ အိုးထဲကနေ ခရမ်းချဉ်သီးများကို ထုတ်ပါ။ ပြီးရင်တော့ ထောင်းထားတဲ့ ဂျင်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ နနွင်းမှုန့်၊ အရောင်တင်မှုန့်၊ ကြက်သား၊ ဆားအနည်းငယ်၊ ပဲငံပြာရည်၊ ပဲငံပြာရည်(အနောက်)၊ တို့ကို ဒယ်အိုးထဲမှာ ထည့်ချက်ရမှာပါ။ နောက်ပြီး ပြုတ်ထားတဲ့ ခရမ်းချဉ်သီးများကိုလည်း ထည့်ချက်ရမှာ ဖြစ်ပါတယ်။ ချက်ပြုတ်နည်း သုံးပုံတစ်ပုံလောက်ကို ပြောပြပေးပြီးသွားတာမလို့ ကျန်ရှိတဲ့ အပိုင်းလေးကို ဗီဒီယိုဖိုင်လေးမှာ ဆက်လက်ရှုစားကြပါနော်။ 

photo by Myanmarload TV  

photo by Myanmarload TV
photo by Myanmarload TV
photo by Myanmarload TV
photo by Myanmarload TV

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။