ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ ဂျပန်နိုင်ငံက ထူးဆန်းတဲ့ ပုံပြင်ဒဏ္ဍာရီဆန်သော အဖြစ်အပျက်လေးကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ အဆိုပါ အကြောင်းလေး မပြောပြသေးခင်မှာ လတ်တလော အနုပညာရှင်လှုပ်ရှားမှု၊ ပြည်တွင်းပြည်ပ အားကစားသတင်း (E-sports အပါအဝင်)၊ ဗဟုသုတ သတင်းစုံလင်ကို ဖော်ပြပေးနေတဲ့ Myanmarload page လေးကို like and follow လုပ်ထားဖို့ မှာကြားချင်ပါတယ်။

photo credit pngtree

အဆိုပါ မှတ်တမ်းကိုရေးခဲ့သူကတော့ ဂျပန်လူမျိုး Botan Doro ဆိုသူဖြစ်ပါတယ်။ ဆာမူရိုင်း တစ်ယောက်ဟာ အိပ်ပျော်နေစဉ် မီးအိမ်လေး ကိုင်ဆွဲကာ အလွန် လှပတဲ့ မိန်းမပျို လေးတစ်ဦး ရောက်လာပါတယ်။ ဆာမူရိုင်းလည်း မီးအိမ်ရှင်မလေးကို မြင်မြင် ခြင်း အလွန်စွဲလန်းသွားပြီး ညတိုင်းလိုလို ချိန်းတွေ့ ကြပါတယ်။ တစ်နေ့တော့ အိမ်နီးနားချင်းတွေက ဆာမူရိုင်းဟာ ညပိုင်းမှာ လူအရိုးစုကြီးနှင့် ဖက်ပြီး အိပ်နေတာတွေ့ရလို့ ဝိုင်းပြီး သတိပေးကြပါတယ်။

photo credit pngtree

ဆာမူရိုင်းဟာလည်း သရဲမ လေးမှန်း သိပါတယ်။ ဒါပေမဲ့ သရဲမလေးရဲ့ ဆွဲဆောင်မှု အောက်က မရုန်း ထွက်နိုင်ခဲ့ပါဘူး။ နောက်ဆုံးမှာတော့ ဆာမူရိုင်းဟာ နေအိမ်မှ ပျောက်ဆုံး သွားခဲ့ပါတယ်။ အိမ်နီးချင်းတွေက လိုက်ရှာရင်း နောက်ဆုံးမှာတော့ အုတ်ဂူတစ်ခုအတွင်း အရှင်လတ်လတ် မြေမြှုပ်ခံရပြီး သေဆုံးနေတာကို တွေ့ခဲ့ရပါတယ်။ သူသေဆုံးတဲ့ ပုံစံက လူအရိုးစုကို ဖက်ထားပြီး အေးချမ်းစွာ သေဆုံးနေတဲ့ပုံပေါက်နေတာ ဖြစ်ပါတယ်။

source သံ ဇဉ် မိုးဇတ်

photo credit pngtree 

photo credit သံ ဇဉ် မိုးဇတ်

သတင်းဖော်ပြခွင့်ပေးတဲ့ "သံ ဇဉ် မိုးဇတ်"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။