ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ "Arizona Boneyard Military Aircraft Cemetery" အရီဇိုနား စစ်လေယာဉ် သင်္ချိုင်းအကြောင်းကို ဗဟုသုတ ဖြစ်ဖွယ် မှတ်သားသိရှိရအောင် ရေးသားဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ ဘွန်းယာ့ဒ်ဟာ ဒါဗီးစ်မွန်သန် လေတပ်စခန်းဖြစ်ပြီး အမှတ်(၃၀၉) လေယာဉ် ထိန်းသိမ်းပြင်ဆင်ရေး အုပ်စုရဲ့ အခြေစိုက် နေရာဖြစ်ပါတယ်။ ဒါ့အပြင် အရီဇိုနား သဲကန္တာရ အလယ်မှာ တည်ရှိနေသော ဘွန်းယာ့ဒ် လေယာဉ်များအား အကြီးမားဆုံး သိုလှောင်ထားတဲ့ မြေပြင် အခြေစိုက်စခန်းတစ်ခုလည်း ဖြစ်ပါတယ်။ ဘောလုံးကွင်းပေါင်း ၁၄၃၀ ကွင်းခန့် ကျယ်ဝန်းလျက်ရှိပြီး လေယာဉ်ပေါင်း ၄၂၀၀ ကျော်တည်ရှိပါတယ်။

photo credit pngtree

လေယာဉ်များရဲ့ စုစုပေါင်းတန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၃၅ ဘီလီယံခန့်ရှိတဲ့ ကမ္ဘာ့အကြီးဆုံး စစ်လေယာဉ် သင်္ချိုင်းဖြစ်ပါတယ်။ ဘွန်းယာ့ဒ်မှာ လေယာဉ်များအား အုပ်စု လေးစု ခွဲခြား ထားပါတယ်။ ထိန်းသိမ်းပြုပြင်ထားပြီး လိုအပ်ပါက ပျံသန်းနိုင်တဲ့ လေယာဉ်များက အုပ်စုအမှတ်(၁၀၀၀)၊ ယာဉ်အစိတ်အပိုင်းများအား အခြားလေယာဉ်များတွင် အသုံးပြုနိုင်တဲ့ လေယာဉ်များက အုပ်စု အမှတ်(၂၀၀၀) ဖြစ်ပြီး အုပ်စု အမှတ်(၃၀၀၀)မှာတော့ ကောင်းမွန်တဲ့ အခြေအနေရှိသေးသော လေယာဉ်များကို စုစည်းထားတာ ဖြစ်ပါတယ်။ နောက်ဆုံး အုပ်စု (၄၀၀၀)မှာတော့ ပြတိုက်များမှာ ပြသရန် သို့မဟုတ် ဖျက်ဆီးရမယ့် လေယာဉ်များဖြစ်ကြပါတယ်။

photo credit pngtree

ထိုအမှတ်(၄၀၀၀) အုပ်စုတွင် ဘီ ၅၂ တိုက်လေယာဉ်များနှင့် ၁၉၉၁ ခုနှစ်က ရုရှားနှင့် အမေရိကန် ချုပ်ဆိုခဲ့တဲ့ လက်နက်ဖျက်သိမ်းရေးစာချုပ်အရ တစ်စစီ ဖြုတ်ခဲ့သော လေယာဉ်များပါဝင်ပါတယ်။ အရီဇိုနားပြည်နယ်ရဲ့ ပူပြင်းသောရာသီဥတုကနေ လေယာဉ်များကို ပျက်စီးမှုမှ အကာအကွယ်ပေးထားပါတယ်။ ဘွန်းယာ့ဒ် စစ်လေယာဉ် သင်္ချိုင်းဟာ လေယာဉ် အစိတ်အပိုင်းပစ္စည်းများ ရောင်းချခြင်းဖြင့် ဝင်ငွေရရှိနေတဲ့အပြင် လာရောက် လည်ပတ် ကြည့်ရှုနိုင်သော ခရီးသွားလုပ်ငန်းကြောင့်လည်း ထင်ရှားကျော်ကြားလာခဲ့တာ ဖြစ်ပါတယ်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။