ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ ပင်လယ်သမုဒ္ဒရာ ရေပြင်အောက်မှာ ရှာဖွေတွေ့ခဲ့တဲ့ ထူးခြားဆန်းပြားဖွယ် အရာတွေနဲ့ ပတ်သက်ပြီး တင်ဆက်ပေးသွားမှာပါနော်။ ပင်လယ် ရေမျက်နှာပြင်အောက်မှာ ထူးဆန်းအံ့သြဖွယ် အရာများ အများအပြားရှိနေတာဟာ ဘယ်သူမှ ငြင်းလို့မရတဲ့ ကိစ္စတစ်ခုလို့ ဆိုရမှာဖြစ်ပါတယ်။ ထိုအရာတွေဟာ ပင်လယ်ပြင်အတွင်းမှာ မူလကတည်းက ရှိနေတာဖြစ်စေ၊ မရှိနေတာ ဖြစ်စေ ရှာဖွေတွေ့ရှိသမျှသော အရာများဟာ များစွာ စိတ်ဝင်စားဖွယ်ကောင်းလှပြီး အဲ့ထဲမှာ ငါးမန်းမျိုးစိတ်အသစ်များလည်း ပါဝင်နေပါတယ်။

photo credit pngtree

အိန္ဒိယ သမုဒ္ဒရာအတွင်း ၂၀၁၂ ခုနှစ်က နှစ်လကြာ ငါးဖမ်းခရီးတစ်ခု စတင်ခဲ့ပါတယ်။ အဲ့ဒီခရီးစဉ်မှာ သမုဒ္ဒရာ ရေနက်ပိုင်းအတွင်းမှ အနည်းဆုံး ငါးမန်းမျိုးစိတ် အသစ်ရှစ်ခုအပါအဝင် အကောင်ရေ တစ်ရာကျော်ကို ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။ ကယ်လီဖိုးနီးယား အဏ္ဏဝါ ဗေဒ ဓာတ်ခွဲခန်းမှာ ငါးမန်းတို့ရဲ့ သဘာ၀ ဝန်းကျင်ပညာဖြင့် ဘွဲ့ရရှိထားသူ ပေါလ်ကလာကင်ဟာ လေ့လာရေး ငါးဖမ်းခရီးစဉ်ကို ဦးဆောင်ခဲ့တာဖြစ်ပြီး စိတ်လှုပ်ရှားဖွယ် ရလာဒ်များကို ရရှိ ခဲ့တာပါ။

photo credit pngtree

ပေါလ်ကလာကင်ဟာ NBC နှင့်တွေ့ဆုံခန်းတွင် သူတို့တွေ့ရှိခဲ့သော ငါးမန်းများက မျက်မှောက်ခေတ် မြင်တွေ့နေကျ ငါးမန်းဖြူများနှင့် မတူညီကြောင်း ပြောကြားခဲ့ပါတယ်။ ငါးမန်းရဲ့ ကျောမှထွက်နေတဲ့ ခွေးသွားစိတ်များပါသော ကျောရိုးဟာ ဖြေရှင်းလို့ မရသေးတဲ့ အချက် ဖြစ်နေပါတယ်။ သို့သော်လည်း ထိုသို့ဖြစ်နေရခြင်းရဲ့ အကြောင်းအရင်းကို အချိန်အနည်းငယ်အကြာမှာ ရှင်းလင်းပြနိုင်မှာ ဖြစ် ကြောင်း ပြောဆိုခဲ့ပါတယ်။ ထိုခွေးသွားစိတ်ကျော်ရိုးများဟာ ပုံမှန်မဟုတ်ဘဲ ထူးခြားနေတဲ့ ကြောက်စရာ အချက်တစ်ခုဖြစ်နေပါတယ်။ စာဖတ်ပရိသတ်ကြီးလည်း ထိုအကြောင်းအရာနဲ့ ပတ်သက်ပြီး ထင်မြင်ယူဆချက်လေးကို ပြောပေးသွားပါဦးနော်။  

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree
photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။