ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ ကမ္ဘာ့ထူးခြားဆန်းပြား အဖြစ်အပျက်တွေထဲကမှ တစ်ခုဖြစ်တဲ့ အချိန်ခရီးသွားလူသား အကြောင်းအရာနဲ့ပတ်သက်ပြီး စိတ်ဝင်စားဖွယ် မှတ်သားသိရှိရအောင် ရေးသားဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ အဆိုပါ အကြောင်းအရာ မတင်ဆက်သေးခင်မှာ လတ်တလော အနုပညာရှင် လှုပ်ရှားမှု သတင်း၊ ပြည်တွင်းပြည်ပ အားကစား သတင်း(E-sports အပါအဝင်)၊ ဗဟုသုတ သတင်းစုံလင်ကို တင်ဆက်ပေးနေတဲ့ Myanmarload page ကို like and follow လုပ်ထားပေးဖို့ ပြောချင်ပါတယ်နော်။

photo credit pngtree

အဲ့ဒီ အဖြစ်အပျက်လေးကတော့ ဒီလိုပါ...။ ဂျပန်နိုင်ငံ တိုကျို အပြည်ပြည်ဆိုင်ရာ လေယာဉ်ကွင်းမှတစ်ဆင့် ဂျပန်နိုင်ငံထဲ ဝင်ရောက်ဖို့ကို လူတစ်ယောက်ဟာ အစစ်အဆေးခံနေပါတယ်။ သူရဲ့ နိုင်ငံကိုမေးတော့ "Taured"ဆိုပြီးဖြေပါတယ်။ သူရဲ့ အဖြေကိုကြားလိုက်တဲ့အခါမှာ လေယာဉ်ကွင်းက လူတွေ အကုန်လုံး အံ့အားသင့်သွားရပါတယ်။ ဘာကြောင့်လဲဆိုတော့ တစ်ခါမှ မကြားဖူးတဲ့ နိုင်ငံအမည်ကို ပြောလိုက်လို့ပဲ ဖြစ်ပါတယ်။ အဲ့လိုနဲ့ အာဏာပိုင်တွေ ရောက်လာပြီး စစ်ဆေးမှုတွေထပ်လုပ်ပါတယ်။

photo credit pngtree

အာဏာပိုင်တွေက အဲ့ဒီနိုင်ငံ မကြားဖူးဘူး ဘယ်နေရာမှာလဲဆိုပြီး ကမ္ဘာ့မြေပုံကိုချပြလိုက်ပါတယ်။ ထိုအခါမှာ အဲ့ဒီလူက ပြင်သစ် နှင့် စပိန်နိုင်ငံ နယ်စပ်ကို လက်ညှိုးထောက်ပြလိုက်ပါတယ်။ ဒါ့အပြင် ဂျပန်အာဏာပိုင်တွေက ပါတ်စ်ပို့၊ ကားမောင်း လိုင်စင်တွေl ဘဏ်ကဒ်တွေကို ထပ်မံ စစ်ဆေးပြန်ပါတယ်။ သူ့ရဲ့ ကဒ်တွေထဲမှာလည်း နိုင်ငံဟာ Taured ဆိုတာကို ထပ်မံတွေ့ရပြန်ပါတယ်။ ဒါနဲ့ သူ့ကို စစ်ဆေးရေးတွေက နောက်နေ့မှာ ထပ်မံစစ်ဆေးဖို့အတွက် လေယာဉ်ကွင်းနဲ့ မလှမ်းမကမ်းမှာရှိတဲ့ ဟိုတယ်ရဲ့ ၇ ထပ်မှာ ရဲများနှင့်အတူ စောင့်ကြပ် ကြည့်ရှုထားတာ ဖြစ်ပါတယ်။ အဲ့ဒီအချိန်မှာပဲ ထူးဆန်းစွာ ပျောက်ဆုံးသွားခဲ့တာပါနော်။ စာဖတ်ပရိသတ်ကြီးရေ အချိန်ခရီးသွားတဲ့သူလား ဒါမှမဟုတ် ကိုယ်ပျောက်လူသားလားဆိုတာ ထင်မြင်ယူဆချက်လေးတွေ ပြောပေးသွားပါဦးနော်။

source Once A Glance Page

photo credit pngtree

photo credit Once A Glance Page

သတင်းဖော်ပြခွင့်ပေးတဲ့ "သံ ဇဉ် မိုးဇတ်"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။