ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကနေ့ မတ်လ ၃၂ ရက်နေ့ ည (၁၁ : ၄၅) နာရီမှာ COVID -19 ရောဂါ စောင့်ကြပ်ကြည့် ရှုမှုနှင့် ပတ်သက်ပြီး သတင်းထုတ်ပြန်ချက်အရ COVID -19 ရောဂါပိုးတွေ့ရှိသူ(၂)ဦးကို တွေ့ရှိခဲ့ပြီဖြစ်ပါတယ်။ ရောဂါကူးဆက်ခံထားရသူမှာ အမျိုးသားတွေဖြစ်ပြီး ၎င်းနှစ်ဦးမှာ အမေရိကန်နိုင်ငံနှင့် အင်္ဂလန်နိုင်ငံတို့မှ လေကြောင်းခရီးဖြစ် ပြန်ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေဖြစ်ပါတယ်။

Photo Credit - Ministry of Health and Sports, Myanmar Facebook Page

အသက် ၃၆ နှစ်အရွယ် အမျိုးသားနှင့် အသက် ၂၆ အမျိုးသား နှစ်ဦးကိုတော့ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) သည် အဆိုပါအမျိုးသား (၂) ဦး၏ ဓာတ်ခွဲနမူနာများအား စစ်ဆေးပုံ၊ စစ်ဆေးနည်း (Protocol) (၄) မျိုးဖြင့် ပိုမိုသေချာစေရန် စနစ်တကျ ဓာတ်ခွဲစစ်ဆေးခဲ့ခြင်းဖြစ်ပြီးကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ သတ်မှတ်ထားသော လုပ်ထုံးလုပ်နည်းများအရ အဆိုပါ အမျိုးသား (၂) ဦးထံမှ ဓာတ်ခွဲနမူနာများအား ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ရည်ညွှန်းဓာတ်ခွဲခန်းသို့ မတ်လ ၂၄ ရက်နေ့တွင် ဆက်လက်ပေးပို့၍ အတည်ပြုချက် ရယူသွားမည်ဖြစ်ပါတယ်။

Photo Credit - Ministry of Health and Sports, Myanmar Facebook Page

အဆိုပါ အမျိုးသား (၂) ဦးနှင့် ထိတွေ့ခဲ့သူများအားလုံးကို စုံစမ်းဖော်ထုတ်၍ အသွားအလာကန့်သတ်ကာ စောင့်ကြပ်ကြည့်ရှုသွားမည်ဖြစ်ပါတယ်။ ချစ်ပရိသတ်ကြီးလည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက နေ့စဉ် ကျန်းမာရေးသတင်းထုတ်ပြန်ချက်ကို လိုက်နာပြီး ကျန်းမာရေးကောင်းမွန်အောင်နေထိုင်သွားဖို့ အသိပေးဖော်ပြပေးလိုက်ပါတယ်။

Photo Credit - Ministry of Health and Sports, Myanmar Facebook Page

Source & Photo Credit - Ministry of Health and Sports, Myanmar Facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။