ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ စိန့်ဂျွန်းမြို့ အကြောင်းကို ဗဟုသုတ ဖြစ်ဖွယ် မှတ်သားသိရှိရအောင် ရေးသားဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ စိန့်ဂျွန်းမြို့ဟာ ကနေဒါနိုင်ငံရဲ့ ရှေးဟောင်းသက်တမ်း အရှည်ဆုံးမြို့တစ်မြို့ဖြစ်ပြီး နယူးဖောင်လန်နှင့် လာဘရေဒါဒေသတို့ရဲ့ မြို့တော်ဖြစ်ပါတယ်။  

photo credit pngtree

စိန့်ဂျွန်းကို သက္ကရာဇ် ၁၄၀၀ ပြည့်နှစ်တွင် တည်ထောင်ခဲ့တာကြောင့် ရှည်လျားသော နောက်ခံသမိုင်းများရှိတဲ့ မြို့တစ်မြို့ ဖြစ်ပါတယ်။ ထူးခြားလှပပြီး ဗိသုကာလက်ရာများဖြင့် ဆောက်လုပ် မွမ်းမံထားတာကြောင့် နေအိမ်များဖြင့် ပြည့်နေတဲ့ စိန့်ဂျွန်းဟာ ကမ္ဘာ ပေါ်တွင် အရောင် အသွေး အစုံလင်ဆုံး မြို့များအနက် တစ်မြို့ဖြစ်ပါတယ်။

photo credit pngtree

စိန့်ဂျွန်းဟာ ဂျယ်လီဘင်း (Jellybean)လို့ အမည်တွင်တဲ့ နေရာမှ နေအိမ်တန်းများတွင် ပင်လယ်သွားသင်္ဘော မာလိန်မှူးများရဲ့ အိမ်များရှိနေပါတယ်။ သူတို့ဟာ မိမိတို့ အိမ်တစ်လုံးချင်းစီကို ပင်လယ်မှ မြင်နိုင်ကြရန် အမှတ်အသားပြုလုပ်ကြပြီး သကြားလုံးများကဲ့သို့ ရောင်စုံများ ခြယ်သ ထားကြတာ ဖြစ်ပါတယ်။ ပင်လယ်ခရီးမှ စိန့်ဂျွန်းသို့ မိမိတို့သင်္ဘောများ ပြန်လည်ဝင်ရောက်လာချိန်မှာတော့ မိမိတို့အိမ်နေရာကို အလွယ်တကူ မြင်ကြရတာကို နှစ်သက်ကြသော မာလိန်မှူးများကြောင့် စိန့်ဂျွန်းဟာ အလွန်လှပသော ရောင်စုံတန်း တစ်ခုဖြစ်လာခဲ့ပါတယ်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree
photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။