ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ နယူးယောက်မြို့လယ်က သက်တမ်း နှစ်၁၅၀ ကျော်ပြီဖြစ်တဲ့ ပန်းဥယျာဉ်ကြီး အကြောင်းကို ဗဟုသုတ ဖြစ်ဖွယ် မှတ်သားသိရှိရအောင် ရေးသားဖော်ပြပေးသွားမှာပါ။ ဥယျာဉ်တည်ဆောက်ရေး လုပ်ငန်းများကို ၁၈၅၈ ခုနှစ်မှာ စတင်ဆောင်ရွက်ခဲ့ပြီး ထိုနှစ် ဆောင်းရာသီမှာ ဥယျာဉ်ရဲ့ ပထမအပိုင်းကို အများပြည်သူများ အသုံးပြုနိုင်ရန် ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။

photo credit pngtree

ကျန်ရှိတဲ့ တည်ဆောက်ရေး လုပ်ငန်းများကို အမေရိကန် ပြည်တွင်းစစ် ဖြစ်ပွားနေသော ကာလအတွင်းမှာပဲ ဆက်လက် ဆောင်ရွက်ခဲ့တာပါ။ ၁၈၇၃ ခုနှစ်မှာတော့ လက်ရှိအကျယ်အဝန်းဖြစ် တဲ့ ၈၄၃ ဧက အထိ တိုးချဲခဲ့တာပါ။ အမေရိကန်နိုင်ငံ ပြည်ထဲရေးဌာနနှင့် အမျိုးသားပန်းဥယျာဉ်ဌာနက နယူးယောက်မြို့လယ်ရှိ ဥယျာဉ်ကို အမျိုးသားသမိုင်းဝင် အထိမ်းအမှတ်အဖြစ် ၁၉၆၂ ခုနှစ်တွင် သတ်မှတ်ခဲ့ပါတယ်။

photo credit pngtree

ပန်းဥယျာဉ် စီမံခန့်ခွဲရေးလုပ်ငန်းများကို နယူးယောက်မြို့တော် ပန်းဥယျာဉ်နှင့် အပန်းဖြေနေရာများ ဌာနက ဆယ်စုနှစ်များစွာ ဆောင်ရွက်ခဲ့ကာ ယခုအခါမှာတော့ ဗဟိုပန်းဥယျာဉ်ထိန်းသိမ်းရေးအဖွဲ့က နယူးယောက် မြို့တော်စည်ပင်သာယာရေးအဖွဲ့နှင့် အစိုးရ၊ ပုဂ္ဂလိက ပူးတွဲဆောင်ရွက်မှု စာချုပ်ချုပ်ဆိုကာ ဥယျာဉ်ထိန်းသိမ်းရေးကို တာဝန်ယူ လုပ်ကိုင်လျက်ရှိပါတယ်။ ထိုအဖွဲ့ဟာ စီးပွားရေး အဖွဲ့အစည်းမဟုတ်ဘဲ နှစ်စဉ် ပန်းခြံဘတ်ဂျက် ဒေါ်လာ ၆၅ သန်းရဲ့ ၈၀ ရာခိုင်နှုန်း ကိုထောက်ပံ့ပေးနေပြီး ၈၄၃ ဧကကျယ်ဝန်းတဲ့ ပန်းခြံရဲ့ အငယ်စား ထိန်းသိမ်းမှုလုပ်ငန်းများကိုလည်း တာဝန်ယူထားတာ ဖြစ်ပါတယ်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။