ပရိသတ်ကြီးရေ သရုပ်ဆောင်မင်းသားကြီး လွင်မိုး ကတော့ ဆယ်စုနှစ်ထဲက နေရာတစ်ခုကိုရပ်တည်နေခဲ့တာဖြစ်ပါတယ်။ ယနေ့အချိန်ထိလည်း ပရိသတ်တွေရဲ့ အားပေးချစ်ခင်ခြင်းတွေကိုသိမ်းပိုက်ထားနိုင်ခဲ့တဲ့ မင်းသားကြီးတစ်ဦးပဲ ဖြစ်ပါတယ်။ ဒါ့အပြင် သာယာပျော်ရွှင်တဲ့ မိသားစုလေးကို ပိုင်ဆိုင်ထားသလို ယခုဆိုရင်လည်း ကိုယ်ပိုင်စီပွားရေး လုပ်ငန်းမှာလည်း အောင်မြင်မှုတွေရရှိနေတဲ့ သူတစ်ယောက်ပဲ ဖြစ်ပါတယ်။

Photo Credit - Lwin Moe Facebook Page
Photo Credit - Lwin Moe Facebook Page

ယခုမှာဆိုရင်လည်း မင်းသားကြီး လွင်မိုး ကတော့ ချစ်ဇနီးလေး နဲ့အတူ အားလပ်ရက်လေးထဲမှာ ခြံထဲဆင်းပြီး ကြက်တောင်ရိုက် နေတဲ့ ပုံရိပ်လေးတွေကို တင်ပေးလာခဲ့ပါတယ်။ ဒီပုံလေးတွေထဲမှာတော့ ချစ်စရာကောင်းတဲ့ ဇနီးဖြစ်နှင့် အပြန်အလှန် ကြက်တောင်ရိုက်နေတဲ့ မြင်ကွင်းများကတော့ ကြည်နူးစရာ ကောင်းလောက်ပါတယ်နော်။ အသက်အရွယ်ရလာပေမယ့်လည်း ပေါ့ပေါ့ပါးပါးနဲ့ ကြက်တောင်ရိုက်နေတဲ့မြင်ကွင်းများကတော့ လူငယ်လေးတစ်ယောက်လိုထင်ရလောက်ပါတယ်။

Photo Credit - Lwin Moe Facebook Page
Photo Credit - Lwin Moe Facebook Page

ဒီပုံလေးတွေနဲ့ လည်း မင်းသားကြီး လွင်မိုးက " ခြံထဲဒေါ်မေသူနဲ့ကြက်တောင်ကောက်ကျန်းမာရေးအတွက်ခါးညောင်း " ဆိုပြီး ရေးသားထားပါသေးတယ်။ ကြည်နူးစရာ ကောင်းတဲ့ မင်းသားကြီးလွင်မိုး တို့ရဲ့ဇနီးမောင်နှံ နှစ်ယောက်ရဲ့ မြင်ကွင်းကိုတော့ ပရိသတ်တွေလည်းသဘောကျမယ်လို့ မျှော်လင့်မိပါတယ်။ ကဲ...ချစ်ပရိသတ်ကြီးရေ ယခုမှာတော့ လွတ်လပ်ပေါ့ပါးကာ ကြက်တောင်ရိုက်နေတဲ့ မင်းသားကြီး လွင်မိုး တို့ရဲ့ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo Credit - Lwin Moe Facebook Page

Source - Lwin Moe Facebook Page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။