ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ ကမ္ဘာတစ်လွှားရှိ ရှေးဟောင်းကဇာတ်ရုံတွေထဲကမှ တစ်ခုဖြစ်တဲ့ "Delphi" ဒယ်လ်ဖီ ကဇာတ်ရုံအကြောင်းကို ဗဟုသုတ ဖြစ်ဖွယ် မှတ်သားသိရှိရအောင် ရေးသားဖော်ပြပေးသွားမှာပါ။ လူအများသိရှိထားကြတဲ့အတိုင်း ဒယ်လ်ဖီဟာ ရှေးဟောင်းဂရိတို့ရဲ့ ဘာသာရေးနှင့် သက်ဆိုင်သော အရေးအကြီးဆုံး နေရာတစ်ခုဖြစ်ပြီး အပိုလို နတ်ကျွန်းနှင့် ဂရိတို့ရဲ့ အထွဋ်အမြတ်နေရာ တစ်ခုလို့ ယူဆထားကြပါတယ်။

photo credit pngtree

ဒယ်လ်ဖီရှိ အပိုလို နတ်ကွန်းဟာ ဘီစီ ရှစ်ရာစုကို ရည်ညွှန်းပြီး ဒယ်လ်ဖီတွင် နေခဲ့ကြသူများရဲ့ အရေးပါသော နေရာတစ်ခုဖြစ်ပါတယ်။ ဒယ်လ်ဖီမှာ မြင်တွေ့ကြရတဲ့ ဗိသုကာလက်ရာ အပိုင်းအစများတွင် အပိုလို နတ်ကွန်း၊ အေသင်သားတို့ရဲ့ ဘဏ္ဍာတိုက်၊ အားကစားကွင်း နှင့် ကဇာတ်ရုံတို့လည်း ပါဝင်တာ ဖြစ်ပါတယ်။

photo credit pngtree

ရှေးဟောင်း ဒယ်လ်ဖီ ဇာတ်ရုံကို တောင်ကုန်းပေါ်တွင် တည်ဆောက်ထားပြီး ပွဲကြည့်ပရိတ်သတ်က ကွင်းတစ်ကွင်းလုံးနှင့် ဘေးပတ်ဝန်းကျင် မြင်ကွင်းအားလုံးကို မြင်နိုင်ရန် စီစဉ်ဆောက်လုပ်ထားပါတယ်။ ဘီစီ လေးရာစုတွင် တည်ဆောက်ခဲ့တာဖြစ်ပြီး လူအယောက် ၅၀၀၀ လောက်က ပွဲကြည့်ရှုနိုင်တာ ဖြစ်ပါတယ်။ အခုလက်ရှိ အခြေအနေမှာတော့ ထိုကဇာတ်ရုံကြီးရဲ့ ထုံးကျောက်တုံးများဟာ အက်ကွဲနေတာဖြစ်ပြီး အဖတ်လိုက်ကွာကျနေတာအပြင် ရှေးခေတ်ဗိသုကာလက်ရာများဟာလည်း ဇာတ်ရုံနေရာအနှံ့တွင် ပြန့်ကြဲနေကြတာ ဖြစ်ပါတယ်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree
photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။