ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ ကမ္ဘာကျော် အွန်လိုင်း ဂိမ်းတွေနဲ့ ပတ်သက်ပြီး ဗဟုသုတ ဖြစ်ဖွယ် သိရှိရအောင် ရေးသားဖော်ပြပေးသွားမှာပါ။ ဂိမ်းကစားရတာ နှစ်သက်တဲ့သူတွေ အတွက်လည်း ပိုပြီး စိတ်ဝင်စားစရာကောင်းတဲ့ သတင်းဖြစ်မယ်လို့ ယုံကြည်ပါတယ်နော်။ "Hearthstone Hero of Warcraft" လို့အမည်ရတဲ့ အွန်လိုင်းဂိမ်းအကြောင်းကို ပုံရိပ်တွေနဲ့တကွ ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

photo credit pngtree

၂၀၁၄ ခုနှစ် မတ်လ ၁၁ ရက်တွင် ဗစ်ဇတ် ဖျော်ဖြေရေး လုပ်ငန်းက ထုတ်လုပ်ခဲ့တဲ့ ဟိသ်စတုန်းဂိမ်းဟာ ဒီဂျစ်တယ် ကဒ်ဖြင့် ကစားရတဲ့ အွန်လိုင်းဂိမ်း ဖြစ်ပါတယ်။ ဂိမ်းကစားခွင့်ကို အခမဲ့ သုံးခွင့်ပေးထားသော်လည်း ကန့်သတ်ချက် တစ်ခုအထိသာ ကစားနိုင်တာ ဖြစ်ပါတယ်။ အကန့်အသတ်မရှိ ကစားလိုပါက ငွေပေးသွင်းပြီးမှသာ ကစားနိုင်တာပါ။

photo credit pngtree

ထိုဂိမ်းကို အိုင်ပက်၊ အန်းဒရိုက်ဖုန်း၊ ဝင်းဒိုးအိတ် တို့မှာပါ ကစားနိုင်ရန် ထုတ်လုပ်ထားတာပါ။ ဟိသ်စတုန်းဟာ သိပ်မကြာမီ နှစ်အနည်းငယ်အတွင်းမှာ လူအများဆုံး ကစားတဲ့ အွန်လိုင်းဂိမ်းနေရာသို့ ရောက်ရှိလာမှာ ဖြစ်ပါတယ်။၂၀၁၅ ခုနှစ် ဇန်နဝါရီလမှာတော့ ဟိသ်စတုန်း ကစားရန် လူပေါင်း ၂၅ သန်းကျော် မှတ်ပုံတင်ခဲ့ကြတာ ဖြစ်ပါတယ်။ နည်းပညာများ တိုးတက်လာတာနှင့်အမျှ ကြိုတင်စဉ်းစားမရနိုင်သေးတဲ့ ဆွဲဆောင်အား ကြီးမားသော အွန်လိုင်းဂိမ်းများဟာလည်း ဆက်လက် ထွက်ပေါ်နေဦးမှာ ဖြစ်ပါတယ်။

Source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။