ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ "Jeongdongjin" ဂျွန်ဒေါင်ဂျင် မြို့တွင် တည်ဆောက်ဖွင့်လှစ်ထားတဲ့ အပန်းဖြေ ဟိုတယ်ကြီးအကြောင်းကို ဗဟုသုတ ဖြစ်ဖွယ်မှတ်သားသိရှိရအောင် ရေးသားဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ လတ်တလော အနုပညာလှုပ်ရှားမှုသတင်း၊ ဗဟုသုတ သတင်းစုံလင်ကို တင်ဆက်ပေးနေတဲ့ Myanmarload page ကို like and follow လုပ်ထားဖို့ သတိမမေ့ပါနဲ့ဦးနော်။

photo credit pngtree

ဆန်းခရူဇာ အပန်းဖြေသင်္ဘောကြီးနှင့် ရွက်လှေလို့ အမည်ပေးထားတဲ့ ကြီးမားသော အပျော်စီးသင်္ဘောကြီးပုံစံ အပန်းဖြေ ဟိုတယ်ကြီးတစ်လုံးကို တောင်ကိုရီးယားနိုင်ငံ၊အရှေ့ဘက် ပင်လယ်လမ်းခြေရှိ ဂျွန်ဒေါင်ဂျင် (Jeongdongjin) မြို့မှာ တည်ဆောက် ဖွင့်လှစ်ထားတာကို ပရိသတ်ကြီး မြင်တွေ့ကြရမှာ ဖြစ်ပါတယ်။

photo credit pngtree

အလျား ၅၄၁ ပေ၊ အမြင့် ၄၅ ပေရှိပြီး တန် ၃၀၀၀၀ လေးတဲ့ ထိုဟိုတယ်ဟာ တော်ဝင် ကာရီး ဗီးယန်း နိုင်ငံတကာ အာဏာပိုင်အဆင့်(Royal Caribbean International Sovereign Class) ရှိတဲ့ဟိုတယ်အဖြစ် ထင်ရှားကျော်ကြားပါတယ်။ ထိုဟိုတယ်ကြီးကို ပင်လယ်ကမ်းခြေ တောင်ကုန်းထိပ်တွင် တည်ဆောက်ထားတာကြောင့် တောင်ထိပ်ပေါ်မှ ပင်လယ်ကူးသင်္ဘောကြီးလို့လည်း လူသိများတာ ဖြစ်ပါတယ်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree 

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။