လှပတဲ့ ဆံနွယ်ရှည်လေးကို ပိုင်ဆိုင်ထားပြီး နန်းဆန်စွာ လှနေတဲ့ ပရိသတ်အချစ်တော် မင်းသမီးချောလေး နေခြည်ရွှန်းလက်ကတော့ ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ရင်း ပရိသတ်အားပေးမှုကို အခိုင်အမာရရှိထားတဲ့ သူလေးပဲဖြစ်ပါတယ်။ သူမက အမြဲလိုလို မြန်မာဝတ်စုံလေးတွေသာ ဝတ်ဆင်တက်ပြီး ကိုယ်ခန္ဓာအချိုးအစားပြေပြစ်လှပတာကြောင့် လိုက်ဖက်လှပနေတာလဲ ဖြစ်ပါတယ်။ 

Photo credit - mama Mie Mie Lay Photography

ဒါ့အပြင် နေခြည်ရွှန်းလက်က လူလေးကလည်းလှပသလို စိတ်ထားလေးကလည်း လှပလွန်းတာကြောင့် သူမရဲ့ ချစ်ပရိသတ်တွေ သာမကပဲ အနုပညာရှင်အချင်းချင်းကပါ ချစ်ခင်နေကြတာလည်းဖြစ်ပါတယ်။ အခုလက်ရှိမှာတော့ သူမက ရိုးရိုးလေးနဲ့ လှနေတဲ့ ပုံရိပ်လေးတွေကို တင်ပေးလါတာပဲ ဖြစ်ပါတယ်။ " မြန်မာဆန်တဲ့အမျိုးသမီးဆိုတာ ခေတ်နောက်ကျတဲ့အမျိုးသမီးလို့ မဆိုလိုပါဘူး " ဆိုတဲ့စာသားလေးကိုလည်း ရေးသားထားပါသေးတယ်။

Photo credit - mama Mie Mie Lay Photography
Photo credit - mama Mie Mie Lay Photography

ချစ်ပရိသတ်ကြီးက မင်းသမီးချောလေးနေခြည်ရွှန်းလက်ရဲ့ ပုံရိပ်လေးတွေကို ကြည့်ပြီး အချစ်ပိုမိစေမှာ အသေအချာပဲမို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

သူမရဲ့ ပုံရိပ်လေးတွေကိုကြည့်ရှုပြီး အသည်းလေးတွေ ပေးခဲ့ဖို့ မမေ့လိုက်ပါနဲ့နော် ။ နေခြည်ရွှန်းလက်ရဲ့ ဆက်လက်လှုပ်ရှားမယ့်အနုပညာလှုပ်ရှားမှုတွေကိုလည်း ချစ်ပရိသတ်ကြီး က အားပေးကြမယ်မလား ။ 

Photo credit - mama Mie Mie Lay Photography
Photo credit - mama Mie Mie Lay Photography

Photo credit - mama Mie Mie Lay Photography 

Source - Nay Chi Shoon Lak's FB account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။