ပရိသတ်တွေ အားလုံးသိကြတဲ့အတိုင်း Wanwan ဆိုတဲ့ Marksman မလေးဟာဆိုရင် တခြားMarksman တွေနဲ့မတူတဲ့ Hero ပဲဖြစ်ပါတယ်။ ကိုင်ရတာကလဲ ခတ်ခဲပြီး ဖမ်းမိဖို့ကလဲ ခတ်ခဲပါတယ်။ သူ့ရဲ့ Ultimate မပွင့်ခင်မှာ သူမကို အသေသတ်မှ ရမှာဖြစ်ပါတယ်။ အဲ့လိုမသတ်နိုင်ရင်တော့ သူမရဲ့သွေးတစ်စက်ကျန်ချိန်မှာ Ulti ပွင့်ခဲ့ရင်တော့ အနားက Hero တွေပြန်သေဖို့များပါတယ်။ အဲ့အပြင် အခုချိန်မှာလဲ သူ့ကို Ulti ပွင့်တာမြန်အောင် လုပ်ပေးထားတယ်ဆိုတော့ Counter ဖို့အတွက် ဘယ် Hero တွေကသင့်တော်မလဲ။ 

ဒါကိုပရိသတ်တွေလဲ သိကြမှာပါ...ဒါကြောင့် သူမ ပါလာရင် ဘယ် Hero တွေကို Pick ပြီး Counter ထောက်မလဲဆိုတာ သိတဲ့သူတွေကလဲ သိကြမှာပါ။ မသိတဲ့သူတွေအတွက် ဘယ်Hero တွေက Wanwan ကို Counter ထောက်မလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။ ပထမဆုံး Counter ထောက်လို့အကောင်းဆုံးကတော Revamp ပြုလုပ်ချင်းခံရပြီး ခုမကြာသေးခင်က ထွက်ရှိထားထဲ့ Belerick ပဲဖြစ်ပါတယ်။ သူရဲ့ Skill တွေက Wanwan ကိုဖမ်းဖို့အတွက် လို့ပြော့တောင်ရပါတယ်။  

နောက်တစ်ယောက်ကတော့ Skill တော်တော်များများကို ပင်တိုင်ဖျက်ပေးတဲ့ Diggie ပဲဖြစ်ပါတယ်။ သူသာရှိနေရင် Wanwan Ulti ဖွင့်လဲ ဘာမှ လုပ်လို့မရပါဘူး။ အာ့ကြောင့် သူဟာလဲ Battle မှာ Counter hero ပဲဖြစ်ပါတယ်။ နောက်တစ်ယောက်ကတော့ Estes ပဲဖြစ်ပါတယ်။ သူရဲ့ Skill က Wanwan ကိုနှောင့်နှေးလို့ရပြီး Hero တွေကို Ulti ဖွင့်ပြီး Heal ပေးလို့ရတာကြောင့် သူလဲ Counter Hero ပဲဖြစ်ပါတယ်။ Khufra ဟာလဲသူမကို Counter ထောက်လို့ရပါတယ်။ 

သတင်းအရင်းမြစ် DevilKnight

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။