ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ အိပ်ပျော်နေစဉ် အသက်ဆုံးရှုံးရတဲ့ အကြောင်းအရာတွေထဲကမှ တစ်ခုဖြစ်တဲ့ ရုတ်တရက် နှလုံးခုန်ရပ်ဆိုင်းခြင်း (SCA) အကြောင်းကို ဗဟုသုတ ဖြစ်ဖွယ် မှတ်သားသိရှိရအောင် ရေးသားဖော်ပြပေးသွားမှာပါ။ ဗဟုသုတသတင်းစုံလင်ကို တင်ဆက်ပေးနေတဲ့ Myanmarload page ကို like and follow လုပ်ထားဖို့မမေ့ပါနဲ့ဦးနော်။  

photo credit မောင် သာ ရှေးဟောင်းသုတေသန

နှလုံးခုန်တာကို ပုံမှန်ဖြစ်စေတဲ့ လျှပ်စစ်လှိုင်း ထုတ်လွှတ်တဲ့နေရာ (Sinoatrial node) ဟာ လျှပ်စစ်လှိုင်းကို ပုံမှန်မထုတ်လွှတ်တဲ့အခါမှာ နှလုံးခုန်တာက စည်းချက် မမှန်ဖြစ်လာရာမှစပြီး နှလုံးကို ရုတ်တရက် ရပ်ဆိုင်းသွားစေနိုင်ပါတယ်။ တစ်နည်းအားဖြင့် နှလုံးရဲ့ လျှပ်စစ်လှိုင်းစနစ်များ ပုံမှန် အလုပ်မလုပ်တာကြောင့် ရုတ်တရက် နှလုံးခုန်ရပ်ကာ သေဆုံးစေနိုင်တာ ဖြစ်ပါတယ်။

photo credit မောင် သာ ရှေးဟောင်းသုတေသန

အဲ့လို ဖြစ်ပွားလာပါက မိနစ်အနည်းငယ်အတွင်းမှာ အသက်ဆုံးရှုံးသွားနိုင်တာ ဖြစ်ပါတယ်။ အိပ်ပျော်နေစဉ်အတွင်းမှာ အဲ့လိုအခြေအနေ ကြုံရပါက နှလုံးမှ ဦးနှောက်သို့ ပုံမှန်ပို့လွှတ်နေတဲ့ သွေးဟာ ပို့လွှတ်မှု ပမာဏ လျော့နည်းသွားကာ လူကိုသေဆုံးစေတာ ဖြစ်ပါတယ်။ ရုတ်တရက် နှလုံးခုန်ရပ်ဆိုင်းခြင်းဟာ အိပ်ပျော်နေစဉ်သာမက နှလုံး ရောဂါ ခံစားနေရသူများလည်း ဘယ်လိုလက္ခဏာမှ မပြဘဲဖြစ်ပွားနိုင်တာ ဖြစ်ပါတယ်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit မောင် သာ ရှေးဟောင်းသုတေသန

photo credit မောင် သာ ရှေးဟောင်းသုတေသန

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။