ချစ်သူသက်တမ်း (၈) နှစ်ကျော်တိုင်သည်အထိ တွဲလက်မဖြုတ်ဘဲ ပျော်ရွှင်စရာကောင်းတဲ့ အချစ်ခရီးလမ်းလေးကို လျှောက်လှမ်းနေကြသူတွေကတော့ သရုပ်ဆောင် ကောင်းပြည့်နဲ့ သန္တာဗိုလ်တို့အတွဲလေးပဲ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်လုံးဟာ အနုပညာလောကမှာ အောင်မြင်မှုတွေ ကိုယ်စီရရှိထားကြတဲ့ စုံတွဲလေးပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း သူတို့အတွဲလေးကို ကြည့်ပြီး အားကျနေရတာပါ။
တစ်ယောက်ကို တစ်ယောက်လည်း အရမ်းကိုချစ်ကြပြီး ပွဲအခမ်းအနားတိုင်းလိုလိုကိုလည်း အတူတူတက်ရောက်ကြတာပါ။ ဒါ့အပြင် Model Show များတွင်လည်း အတူတူ ပွဲလျှောက်ကြတာလည်း ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ရဲ့ လှုပ်ရှားမှုတွေကိုလည်း ပရိသတ်တွေကို အမြဲဝေမျှပေးတတ်ကြတာလည်း ဖြစ်ပါတယ်။
လတ်တလောမှာတော့ Covid19 ရောဂါပိုးတွေကြောင့် အိမ်မှာနေနေရတာပဲ ဖြစ်ပြီး မကြာသေးခင်နာရီပိုင်းကတော့ သန္တာဗိုလ်ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ “ I Miss You “ ဆိုပြီး သူတို့နှစ်ယောက်ရဲ့ အတွဲပုံလေးတစ်ချို့ကို တင်ထားတာပါ။ ပရိသတ်တွေအတွက် မင်္ဂလာဝတ်စုံလေးကိုဝတ်ဆင်ပြီးချစ်သူလေးရဲ့ပုခုံးလေးကိုမှီကာကြည်နူးနေတဲ့ သန္တာဗိုလ်ရဲ့ ပုံရိပ်လေးကို တင်ဆက်ပေးလိုက်ပါတယ်နော်။
Source and Photo Credit- Thandar Bo’s Facebook Account
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။