ရုပ်ရှင်သရုပ်ဆောင် မင်းသားကြီးလူမင်းကတော့ အကယ်ဒမီဆုများစွာကို ဆွတ်ခူးရရှိထားတဲ့ ထိပ်တန်းအနုပညာရှင်တစ်ဦး ဖြစ်ပါတယ်။ ဒါရိုက်တာအဖြစ်ရော သရုပ်ဆောင်အဖြစ်ပါလုပ်ကိုင်ခဲ့တဲ့ လူမင်းက ရုပ်ရှင်အစည်းအရုံးရဲ့ဥက္ကဌအဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့တာ ဖြစ်ပါတယ် ။ လူမင်းအနေနဲ့ ကလေးနှစ်ယောက်ရဲ့ဖခင်လည်းဖြစ်ပြီး မိသားစုအပေါ်မှာပါ တာဝန်ကျေပွန်တဲ့ အိမ်ထောင်ဦးစီးတစ်ယောက်လို့လည်း ဆိုနိုင်ပါတယ်။

Photo Credit-Amazing Grace
Photo Credit-Ayarwaddy Lu Min's FB Acc
Photo Credit-Amazing Grace

ဒီနေ့မှာတော့ လူမင်းက သားငယ်လေးဧဝရတ်လူမင်းရဲ့ မွေးနေ့ကို ဆုမွန်ကောင်းတောင်းပေးထားတာ ဖြစ်ပါတယ် ။ လူမင်းက သမီးကြီးလေးကိုတော့ ဧရာဝတီလူမင်းလို့အမည်ပေးထားပြီး သားငယ်လေးကိုတော့ ဧဝရတ်လူမင်းလို့အမည်ပေးထားတာ ဖြစ်ပါတယ်။ ဒီနေ့ဧပြီလ (၄)ရက်နေ့ကတော့ လူမင်းရဲ့သားအငယ်ဆုံးလေး ဧဝရတ်ရဲ့မွေးနေ့ရက်မြတ်လေးပဲ ဖြစ်ပါတယ် ။

Photo Credit-Ayarwaddy Lu Min's FB Acc
Photo Credit-Ayarwaddy Lu Min's FB Acc
Photo Credit-Ayarwaddy Lu Min's FB Acc
Photo Credit-Ayarwaddy Lu Min's FB Acc

ဒါကြောင့် ဖေဖေလူမင်းတို့ဇနီးမောင်နှံက သားငယ်လေးရဲ့မွေးစအရွယ်ကပုံရိပ်လေးတွေနဲ့ တဖြည်းဖြည်းကြီးပြင်းလာတဲ့ပုံလေးတွေကိုတင်ပြီး မွေးနေ့ဆုတောင်းပေးထားတာ ဖြစ်ပါတယ် ။ ဧဝရတ်လေးကတော့ လိမ္မာရေးခြားရှိပြီး ယဥ်ကျေးတဲ့ ကလေးလေးတစ်ယောက်ပဲ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် လူမင်းရဲ့သားငယ်လေး ဧဝရတ်လူမင်းရဲ့ချစ်စရာကောင်းတဲ့ငယ်ငယ်ကပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Photo Credit-Ayarwaddy Lu Min's FB Acc

Photo Credit-Ayarwaddy Lu Min's FB Acc
Photo Credit-Ayarwaddy Lu Min's FB Acc
Photo Credit-Ayarwaddy Lu Min's FB Acc
Photo Credit-Ayarwaddy Lu Min's FB Acc
Photo Credit-Amazing Grace

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။