ပရိသတ်ကြီးရေ ချစ်စရာကောင်းတဲ့ ဟန်ပန်လေးနဲ့ မြင်သူတိုင်းရင်ကို အေးချမ်းစေတဲ့အလှလေးကို ပိုင်ဆိုင်ထားတဲ့သူလေးကတော့ သရုပ်ဆောင်မင်းသမီးချောလေး ဟန်သီပဲ ဖြစ်ပါတယ်။

Miss Supranational Internet 2014 ဆုကို ထိုက်တန်စွာရရှိထားတဲ့ သူမက အနုပညာအလုပ်တွေကိုလည်း ကြိုးစားလုပ်ကိုင်ကာ ပရိသတ်တွေရဲ့ အချစ်ကို အပြည့်အဝရယူထားနိုင်တဲ့ သူလည်းဖြစ်ပါတယ်။ 

Photo credit - Han Thi's facebook page
Photo credit - Han Thi's facebook page

ဒါ့အပြင် မင်းသမီးချောလေး ဟန်သီက ဖိတ်ကြားထားတဲ့ ပွဲအခမ်းအနားတွေကိုလည်း သူမတူတဲ့ ဖက်ရှင်အလန်းစားလေးတွေနဲ့ တက်ရောက်လာသူဖြစ်တာကြောင့် ပုရိသတို့အသည်းစွဲ မင်းသမီး တစ်လက်ပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ သူမကအနုပညာလှုပ်ရှားမှုတွေ ရပ်ဆိုင်းထားပြီး အိမ်မှာပဲနားနားနေနေ နေထိုင်နေတာလည်းဖြစ်ပါတယ်။ အိမ်မှာနေရင်း ချစ်စရာကောင်းတဲ့ပုံလေးတွေကို ပရိသတ်တွေအတွက်အလွမ်းပြေ တင်ပေးလေ့ရှိတာကြောင့် သူမရဲ့ ချစ်ပရိသတ်တွေက အချစ်ပိုနေကြတာပဲဖြစ်ပါတယ်။

Photo credit - Han Thi's facebook page
Photo credit - Han Thi's facebook page

မင်းသမီးချောလေး ဟန်သီ က မကြာသေးမီအချိန်က သူမရဲ့ ဖေ့ဘွတ်စာမျက်နှာပေါ်မှာ " အိမ်ထဲမှာနေရင်း ကျန်းမာရေးကောင်းဖို့ ကိုယ်ဝါသနာပါတဲ့ ကိုယ်လက်လှုပ်ရှားမှု တခုခု လုပ်ကြပါနော် " ဆိုတဲ့ စာသားလေးနဲ့အတူ လေ့ကျင့်ခန်း လုပ်နေတဲ့ ချစ်စရာကောင်းတဲ့ ပုံရိပ်လေးကို တင်ပေးလါတာပဲဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်ကြီးလည်း ဟန်သီရဲ့ ပုံလေးတွေကို ကြည့်ရင်းအချစ်ပိုစေရန်အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော် ...။

Photo credit - Han Thi's facebook page

Source & Photo credit - Han Thi's facebook page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။