မင်းသမီးချောလေး ဖြူဖြူထွေးကတော့ တစ်နေ့ထက်တစ်နေ့ ပိုမိုအောင်မြင်လာပြီး အမာခံပရိသတ်တွေ အမြောက်အများကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ် ။ ဖြူဖြူထွေးအနေနဲ့ ဟာသဗီဒီယိုလေးတွေရိုက်ကူးခဲ့ရာမှ အခုဆိုရင် ကြော်ငြာနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေ အဆက်မပြတ်ရိုက်ကူးနေရတာ ဖြစ်ပါတယ် ။ အနုပညာအရည်အချင်းရှိတဲ့ ဖြူဖြူထွေးက သူမရဲ့ကြိုးစားမှုတွေကြောင့် အခုလိုနေရာတစ်နေရာရရှိလာခဲ့တာပဲ ဖြစ်ပါတယ် ။

Photo Credit-Phyu Phyu Htwe's FB Acc
Photo Credit-Phyu Phyu Htwe's FB Acc
Photo Credit-Phyu Phyu Htwe's FB Acc

ဟန်ဆောင်မှုကင်းပြီး ပျော်ပျော်နေတတ်တဲ့ ဖြူဖြူထွေးက ပရိသတ်တွေအတွက် ပျော်စရာတွေကို အမြဲတမ်းဖန်တီးပေးလေ့ရှိတာ ဖြစ်ပါတယ် ။ ဖြူဖြူထွေးက Tik Tok ကစားရတာ ဝါသနာပါသလို မကြာခဏဆိုသလို အကဗီဒီယိုလေးတွေကိုလည်း တင်ပေးလေ့ရှိတာ ဖြစ်ပါတယ် ။ မကြာခင်ကလည်း ဖြူဖြူထွေးက သူမရဲ့ Instagram Story မှာ Tik Tok ဗီဒီယိုအသစ်လေးတွေကို မျှဝေခဲ့ပါတယ်။

Photo Credit-Phyu Phyu Htwe's FB Acc
Photo Credit-Phyu Phyu Htwe's FB Acc
Photo Credit-Phyu Phyu Htwe's FB Acc

ပုံစံမျိုးစုံနဲ့ Tik Tok ကစားထားတဲ့ ဖြူဖြူထွေးကတော့ အမိုက်စားဖက်ရှင်လေးနဲ့ အပြတ်အသတ် လှနေတာ ဖြစ်ပါတယ် ။ဒါ့အပြင် ဖြူဖြူထွေးက အိမ်နေရင်းပုံစံလေးကနေ ဆွဲဆောင်မှုရှိတဲ့ပုံစံလေးကို ပြောင်းလဲပြလိုက်တာကလည်း ကြွေချင်စရာကောင်းနေတာ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး ဖြူဖြူထွေးရဲ့Tik Tok ဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Video Credit-Phyu Phyu Htwe's IG Story 

Photo Credit-Phyu Phyu Htwe's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။