Zilong ဟာဆိုရင်တော့ တရုတ်ပြည်ရဲ့သမိုင်းထဲမှာ အရမ်းကိုလူသိများတဲ့ သူရဲကောင်းတွေထဲက တစ်ယောက်ဖြစ်ပါတယ်။ သူ့ကို ကျောက်ကျစ်လုံ လို့လဲ ခေါ်လို့ရပါတယ်။ သူကတော့ ML ထဲမှာ စစဆော့ချင်း အလကားရတဲ့ Fighter Hero တစ်ယောက်ဖြစ်ပေမဲ့ တော်တော်လေး Team အတွက်ကောင်းတဲ့ Hero ပါပဲ။ Pro တွေဆိုရင် High Rank ထိ ကိုင်ဆော့ကြတာကို တွေ့ရှိရပါတယ်။ ပရိသတ်ကြီးလဲ Zilong ကို တိုင်းချိုးဖို့အတွက်ပဲ မထင်စေချင်ပါဘူး။ 

သူရဲ့ Skill 1 ကတော့ ရန်သူကို လှံနဲ့သူရဲ့နောက်ကို မလိုက်ကာပဲဖြစ်ကာ ရန်သူ Armor ၁၀ ကို ၂စက္ကန့်ကြာအောင် လျော့စေပါတယ်။ Skill 2 ကတော့ ရန်သူကိုလှံနဲ့ပြေးထိုးတာဖြစ်ပါတယ်။ ရန်သူရွှေ့လျားနှုန်းကို၁စက္ကန့်ကြာအောင် ၃၀ရာခိုင်နှုန်း လျော့စေပြီး ရိုးရိုးတိုက်ခိုက်မှုကို Passiveလို အမြန် တိုက်ခိုက်စေပါတယ်။ စကေး ၂ခုလုံးကတော့ Level အလိုက် Damage ထိစေပါတယ်။ Ultimate ကတော့ သုံးလိုက်ရင် ရွှေ့လျားနှုန်း ၃၀ရာခိုင်နှုန်း တိုးပြီး တိုက်ခိုက်နှုန်းကို ၄၅ရာခိုင်နှုန်း ကနေ Levelအလိုက် 75ရာခိုင်နှုန်း ထိတိုးကာ ကြာချိန်ကတော့ ၆စက္ကန့်ကနေ ၈စက္ကန့်ထိ Level အလိုက်တိုးစေပါတယ်။ အဲ့အချိန်မှာ မလှုပ်ရှားအောင်လုပ်ထားသမျှ အကုန်ဖယ်ရှားလိုက်ပါမယ်။ 

Passive ကတော့ ၆စက္ကန့်တိုင်းမှာ သူရဲ့ ရိုးရိုးတိုက်ခိုက်မှုဟာ ဆက်တိုက်လှံနဲ့ထိုးမှာဖြစ်ပြီး Damageကတော့ ရိုးရိုးတိုက်ခိုက်မှုရဲ့ ၁.၈ဆ ထိခိုက်စေပါမယ်။ ပုံမှန်တိုက်ခိုက်ချက်တွေက သူရဲ့ Passive ကို ဝ.၅ စက္ကန့် လျော့ချပေးပါတယ်။ Battle ဝင်ရင် Ultimate ကိုဖွင့်ပြီး အားပါးပါး ဝင်သွားပြီး Skill 2သုံးပါ...ပြီးရင် Skill 1 သုံးလိုက်ပါ။ ကိုယ်က Fighter ဆိုတော့ ရှေ့ကနေဝင်ပြီး ကြမ်းတိုင်းနေရပါမယ်။

သတင်းအရင်းမြစ် DevilKnight

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။