မင်းသမီးချောလေးသက်မွန်မြင့်ကတော့ အနုပညာလောကမှာ နာမည်တစ်လုံးနဲ့ ရပ်တည်နေနိုင်သလို ကျော်ကြားအောင်မြင်နေတဲ့ ထိပ်တန်းသရုပ်ဆောင်တွေထဲမှာလည်းတစ်ယောက်အပါအဝင်ဖြစ်တဲ့ အနုပညာရှင်တစ်ဦး ဖြစ်ပါတယ်။ဇာတ်ရုပ်အမျိုးမျိူးကိုပိုင်နိုင်ကျွမ်းကျင်စွာသရုပ်ဆောင်ထားနိုင်တာကြောင့် အကယ်ဒမီတွေရရှိသည်အထိ အောင်မြင်နေတဲ့ သူမကတော့ အေးချမ်းတဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားနိုင်ခဲ့ပါတယ်။ 

photo credit - Thet Mon Myint Facebook Page
photo credit - Thet Mon Myint Facebook Page

ပရိသတ်တွေက ချစ်စနိုးနဲ့ချစ်သက်လို့ ခေါ်နေကြတဲ့ သူမကတော့ စွယ်စုံရအနပညာရှင်တစ်ယောက်ဖြစ်သလို ဖော်ဖော်ရွေရွေပြောဆိုနေထိုင်တတ်ပုံလေးတွေကြောင့် ပရိသတ်တွေရဲ့ အချစ်တော်လေးဖြစ်နေသူလေးပဲဖြစ်ပါတယ်။ ပရိသတ်တွေတင်မက အနုပညာရှင်အချင်းချင်းကပါ ချစ်ခင်ရတဲ့ သူမကတော့ ယခုမှာ ခေးမေလေးဖြစ်ပေမယ့် ဆယ်ကျော်သက်လေးလိုနုပျိုလှပနေတဲ့ ချစ်စရာပုံရိပ်လေးတွေကို ပရိသတ်တွေရှေ့ ချပြလာခဲ့ပါတယ်

photo credit - Thet Mon Myint Facebook Page
photo credit - Thet Mon Myint Facebook Page

သူမကတော့ " Hello Sunday Covid အကြောင်းတွေပဲ တင်နေလို့ စိတ်ညစ်နေမှာစိုးလို့ကိုယ့်ကို မေ့သွားမှာလည်းစိုးလို့ ရှုတင်နားပြီးထဲက အပူရှပ်ပြီး ခုထိ နေကောင်းကောင်း မကောင်းနိုင်သေးလို့ ပျောက်နေတာပါနော်.. video လေးတွေ လည်း တင်ပေးပါဦးမယ်နော်ကျန်းမာရေး ဂရုစိုက်ကြမယ် အိမ်မှာ နေကြမယ်နော်ချစ်တယ် "ဆိုပြီး ချစ်စရာကောင်းလွန်းတဲ့ ပုံရိပ်လေးနဲ့အတူ လူမှုကွန်ယက်ထက်မှာရေးသားထားခဲ့ပါတယ်။ ချစ်ပရိသတ်တွေအတွက် သက်မွန်မြင့်ရဲ့ ချစ်စရာပုံရိပ်လေးတွေကိုဖော်ပြပေးလိုက်ပါတယ်။ 

source  - Thet Mon Myint Facebook Page

photo credit - Thet Mon Myint Facebook Page
photo credit - Thet Mon Myint Facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။