သရုပ်ဆောင် မင်းသမီး ချောရတနာကတော့ အကယ်ဒမီဆုရရှိထားတဲ့ ပရိသတ်အချစ်တော်လေးတစ်ယောက် ဖြစ်ပါတယ် ။ ချောရတနာက ဗီဒီယိုနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးအောင်မြင်ခဲ့ပြီး အခုချိန်မှာတော့ အနုပညာအလုပ်တွေကို ဖြည်းဖြည်းချင်းသာ လုပ်ကိုင်နေတာ ဖြစ်ပါတယ် ။ ချောရတနာက သူမရဲ့သားနဲ့သမီးလေးအပေါ်မှာ အချိန်ပြည့်ဂရုတစိုက်နဲ့ ပြုစုစောင့်ရှောက်ပေးနေတာကြောင့်ပဲ ဖြစ်ပါတယ် ။

Photo Credit-Chaw Yadanar's FB Acc
Photo Credit-Chaw Yadanar's FB Acc
Photo Credit-Chaw Yadanar's FB Acc

ချောရတနာအနေနဲ့ ကလေးနှစ်ယောက်နဲ့အတူ သာယာချမ်းမြေ့တဲ့မိသားစုဘဝလေးကို တည်ဆောက်ထားတာ ဖြစ်ပါတယ် ။ ချောရတနာရဲ့သားနဲ့သမီးကလည်း အရမ်းကိုချစ်စရာကောင်းတဲ့ကလေးလေးတွေဖြစ်ပြီး အမေတူအချောလေးတွေပဲ ဖြစ်ပါတယ် ။ အခုလိုအပြင်မထွက်ရတဲ့အချိန်လေးမှာတော့ ချောရတနာတို့သားအမိတွေက အိမ်မှာပဲနေပြီး ပျော်ရွှင်စရာအချိန်လေးတွေကို အတူဖြတ်သန်းနေတာ ဖြစ်ပါတယ် ။

Photo Credit-Chaw Yadanar's FB Acc
Photo Credit-Chaw Yadanar's FB Acc
Photo Credit-Chaw Yadanar's FB Acc

ပြီးခဲ့တဲ့ရက်ပိုင်းကတော့ ချောရတနာက "ငါပြောမယ် စိတ်မညစ်နဲ့ အခုထက"ဆိုပြီး ကလေးတွေနဲ့အတူ ကခုန်နေတဲ့ဗီဒီယိုလေးတွေကို တင်ထားတာ ဖြစ်ပါတယ် ။ ချောရတနာတို့သားအမိသုံးယောက်ကတော့ အိမ်မှာပဲသီချင်းတွေဖွင့်ပြီး အားရပါးရ ကခုန်ပျော်ရွှင်နေကြတာ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် ချောရတနာတို့သားအမိသုံးယောက်ရဲ့ဗီဒီယိုလေးတွေကိုယပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source & Video Credit-Chaw Yadanar's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။