အဆိုတော် ဖြိုးလေးနဲ့ အဆိုတော်၊ သရုပ်ဆောင် ဝါဆိုမိုးဦးတို့စုံတွဲကတော့ ပရိသတ်တွေအားကျရတဲ့ အနုပညာရှင်စုံတွဲလေးတွေထဲမှာ အပါအဝင် ဖြစ်ပါတယ် ။ အောင်မြင်မှုကိုယ်စီရရှိထားတဲ့ သူတို့နှစ်ယောက်က ပရိသတ်တွေရဲ့အားပေးမှုနဲ့အတူ နာမည်ရနေတာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ဖြိုးလေးနဲ့ ဝါဆိုတို့စုံတွဲလေးက တေးသီချင်းတွေလည်း အတူတူဖန်တီးရင်း အနုပညာအလုပ်တွေကို လုပ်ကိုင်နေတာ ဖြစ်ပါတယ်။

Photo Credit-Warso Moe Oo's FB Acc
Photo Credit-Warso Moe Oo's FB Acc
Photo Credit-Warso Moe Oo's FB Acc

လက်ရှိမှာတော့ ဖြိုးလေးနဲ့ ဝါဆိုမိုးဦးတို့စုံတွဲလေးက ချစ််သူသက်တမ်း (၄) နှစ်နဲ့ (၄) လကျော်ရှိနေပြီလည်း ဖြစ်ပါတယ်။ တစ်ယောက်ကိုတစ်ယောက် အရမ်းချစ်ကြတဲ့ သူတို့စုံတွဲလေးက အမြဲတမ်းလိုလို သွားအတူလာအတူနဲ့ တွဲတွေ့ရတတ်တာ ဖြစ်ပါတယ် ။ အခုလည်း သူတို့စုံတွဲလေးက နှစ်ယောက်ပေါင်းပြီး အခွီဗီဒီယိုလေးတစ်ခုကို ရိုက်ကူးခဲ့ကြတာ ဖြစ်ပါတယ် ။

Photo Credit-Warso Moe Oo's FB Acc
Photo Credit-Warso Moe Oo's FB Acc

ဒီဗီဒီယိုလေးမှာတော့ ဝါဆိုမိုးဦးက ဆံပင်ကိုဖားလျားချပြီး အခန်းထဲကိုအသည်းယားစရာပုံစံကြီးနဲ့ ဝင်လာတာကြောင့် ဖြိုးလေးတစ်ယောက် ထပြေးခဲ့ရတာ ဖြစ်ပါတယ် ။ ဖြိုးလေးနဲ့ ဝါဆိုတို့ကတော့ အတွဲညီညီနဲ့ နှစ်ယောက်အတူတူ Tik Tok ကစားခဲ့ကြတာ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် ဖြိုးလေးနဲ့ ဝါဆိုမိုးဦးတို့ချစ်သူနှစ်ဦးရဲ့ Tik Tok ဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Video Credit-Warso Moe Oo's FB Acc

Photo Credit-Warso Moe Oo's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။