ခင်လှိုင်ကတော့ အနုပညာလောကမှာအချိန်အတော်ကြာနေရာယူထားနိုင်တဲ့ ဟာသအနုပညာရှင်တစ်ယောက်ဖြစ်ပြီး အောင်မြင်နေတဲ့ ထိပ်တန်းသရုပ်ဆောင်တွေထဲမှာလည်း တစ်ယောက်အပါအဝင်ဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကိုလည်း ရရှိထားခဲ့တဲ့ ခင်လှိုင်ကတော့ ရုပ်ရှင်ဇာတ်ကားပေါင်းများစွာမှာ ကျရာနေရာကနေ အကောင်းဆုံးပါဝင်သရုပ်ဆောင်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ 

Photo Credit:Khin Hlang's Facebook Account
Photo Credit:Khin Hlang's Facebook Account

ပါဝင်တဲ့ ဇာတ်ကားတိုင်းမှာ တာဝန်ကျေပွန်စွာနဲ့ သရုပ်ဆောင်ခဲ့ပြီး ပရိသတ်တွေကို အမြဲပျော်ရွှင်အောင် ပြုလုပ်နိုင်ခဲ့တဲ့ ခင်လှိုင်ကတော့ အကြမ်းအ အရမ်းသရုပ်ဆောင်ခန်းတွေမှာလည်း အကောင်းဆုံးသရုပ်ဆောင်နိုင်ခဲ့ပါတယ်။ ခင်လှိုင်ကတော့ အေးချမ်းသာယာပြီး ကြည်နူးစရာကောင်းတဲ့ မိသားစုလေးကို တည်ဆောက်ထားနိုင်ပြီး အလှူအတန်းတွေလည်း မကြာခဏပြုလုပ်လေ့ရှိသူတစ်ယောက်ဖြစ်ပါတယ်။ 

Photo Credit:Khin Hlang's Facebook Account
Photo Credit:Khin Hlang's Facebook Account

ယခုမှာတော့ ခင်လှိုင်တို့ မိသားစုဟာ .မွေးနေ့မှာ ဆန်အိတ်တွေ လှူဖို့အတွက် ကြိုးကြိုးစားစားနဲ့ ကြိုတင်ပြင်ဆင်နေခဲ့ပါတယ်။ ခင်လှိုင်ကတော့ ယခုမှာ " ဆန်ဆိုင်မဟုက်ဘူးနော် ...မွေးနေ့မှာ လှူဖို့အတွက်ကြိုတင်ပြင်ဆင်နေတာပါ ..ဒီနှစ်ကစတုဒီသာကြွေးလိုမရလောက်ဘူးလေ ..လူစုလူဝေးမလုပ်ရဘူး..ရသလိုလေးလှူမယ်ဗျာ "ဆိုပြီး လူမှုကွန်ယက်ထက်မှာရေးသားထားခဲ့ပါတယ်။ ချစ်ပရိသတ်တွေအတွက် ခင်လှိုင်တို့ မိသားစုရဲ့ ကြည်နူးစရာပုံလေးတွေကိုဖော်ပြပေးလိုက်ပါတယ်။ 

source : Khin Hlang's Facebook Account

Photo Credit:Khin Hlang's Facebook Account
Photo Credit:Khin Hlang's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။