တစ်ချိန်က ပီပြင်တဲ့ဇာတ်ရုပ်တွေနဲ့ ပရိသတ်တွေရဲ့ ရင်ထဲမှာနေရာတစ်ခုကို အခိုင်အမာရယူထားနိုင်တဲ့ စမိုင်းလ်ကတော့ အောင်မြင်ခဲ့တဲ့ သရုပ်ဆောင်တစ်ယောက်ပဲဖြစ်ပါတယ်။ အနုပညာအလုပ်တွေနဲ့ အချိန်တစ်ခုကြာ ဝေးကွာခဲ့တဲ့ သူမကတော့ ယခုမှာ အလှူအတန်းတွေမှာ သူမတတ်နိုင်သလောက် ပါဝင်လှူဒါန်းလေ့ရှိပြီးယနေ့အချိန်ထိလည်း ပရိသတ်တွေရဲ့ ချစ်ခင်မှုကိုရယူထားနိုင်တဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ 

photo credit : စမိုင်းလ် smile ' s facebook page
photo credit : စမိုင်းလ် smile ' s facebook page

သူမကတော့ ပျော်စရာကောင်းတဲ့မိသားစုဘဝလေးကို ပိုင်ဆိုင်ထားပြီး ချစ်စရာကောင်းတဲ့ သမီးလေးတွေနဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့ အချိန်တွေကိည အတူတူဖြတ်သန်းနေခဲ့ပါတယ်။ သူမတို့မိသားစုကတော့ ချစ်ပရိသတ်တွေလေးစားအားကျရတဲ့ မိသားစုလေးဖြစ်ပြီး ယခုမှာတော့ ရပ်ကွက်ထဲက အနှေးယဉ်အလုပ်သမားများနဲ့ မီးရထားဝန်းထဲကလူတွေအတွက် ဆန်တွေဆီတွေ လှူဒါန်းခဲ့ပါတယ်။ 

photo credit : စမိုင်းလ် smile ' s facebook page
photo credit : စမိုင်းလ် smile ' s facebook page

ပရိသတ်တွေရဲ့ အချစ်ကို အခိုင်အမာရယူထားနိုင်တဲ့ သူမကတော့ "ဒီနေ့ရပ်ကွက်ထဲက အနှေးယဉ်အလုပ်သမားများနဲ့ မီးရထားဝန်းထဲကလူတွေအတွက် တတ်နိုင်သလောက်လေးလှူဒါန်း "ဆိုပြီး သူမရဲ့ လူမှုကွန်ယက်ထက်မှာရေးသားထားခဲ့ပါတယ်။ ချစ်ပရိသတ်တွေအတွက် စမိုင်းလ်တို့ မိသားစုရဲ့ အလှူအတန်းတွေပြုလုပ်နေခဲ့တဲ့ ကြည်နူးစရာပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

source: စမိုင်းလ် smile ' s facebook page 

photo credit : စမိုင်းလ် smile ' s facebook page
photo credit : စမိုင်းလ် smile ' s facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။