မင်းသမီးလေးပက်ထရစ်ရှာကတော့ အောင်မြင်နေတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ကာ ပရိသတ်တွေရဲ့ အချစ်ကိုလည်း ရရှိထားသူတစ်ယောက်ဖြစ်ပါတယ်။သူမကတော့ ယခုမှာ " Yangon Zoo ကိုရှာရှာတို့ငယ်ငယ်တုန်းကဆိုမကြာခဏရောက်ဖြစ်တယ် အဲ့နောက်ပိုင်းကျောင်းကတစ်ဖက်အလုပ်ကတစ်ဖက်နဲ့ဆိုတော့မရောက်ဖြစ်တော့တာကြာပေါ့ Yangon zoo ကိုမရောက်ဖြစ်တာနှစ်တွေအတော်ကြာပြီးမှ February လတုန်းက ရှာရှာနဲ့ Monn နဲ့အတူတူတိလေးတွေကိုအစာကျွေးရင်း ပျော်ပျော်ရွှင်ရွှင်ဓာတ်ပုံလေးတွေရိုက်ဖို့သွားဖြစ်ခဲ့တယ် "ဆိုပြီးရေးသားထားခဲ့ပါတယ် ။
သူမကတော့ " လူတွေစည်ကားနေမယ်ထင်ထားပေမယ့် အရမ်းကိုခြောက်ကပ်နေတယ် ပြီးတော့အရင်ကလို မျောက်လေးတွေနဲ့ အခြားအကောင်လေးတွေကိုကျွေးဖို့အစာတွေမရောင်းတော့ဘူး ဆင်လေးတွေအတွက်ပဲကြံတွေရောင်းတော့တယ် အဲ့တာနဲ့ ဘာလို့မရောင်းတာ့တာလဲလို့ တာဝန်ရှိသူဦးလေးတွေကိုမေးကြည့်တော့ zoo ကိုလာတဲ့တစ်ချို့လူတွေကတိလေးတွေကိုအစာကျွေးရင်းသားရေကွင်းတွေနဲ့ပစ်ကြတယ် တိလေးတွေမျက်လုံးတွေဒဏ်ရာရ မျက်လုံးတွေကန်းကုန်တယ်တဲ့ တစ်ချို့ဆိုတိလေးတွေနေတဲ့ခြံထဲကိုပလတ်စတစ်တွေပစ်ချကြတော့ အဲ့ပလတ်စတစ်တွေကိုစားမိတဲ့တိလေးတွေကနေမကောင်းဖြစ်ကြပြီးသေတဲ့အကောင်လေးတွေကသေကြကုန်ရောတဲ့ " ဆိုပြီးရေးထားခဲ့ပါတယ်။
သူမကတော့ " အဲ့တာကြောင့်အခုဆိုရင် rules & regulations တွေကိုသတ်မှတ်ပြောင်းလဲလိုက်ကြရတာ ပြင်ပကအစာသယ်လာပြီးကျွေးချင်တယ်ဆိုရင်တော့ Yangon zoo မှာရှိတဲ့ဓာတ်ခွဲခန်းမှာအရင်ဦးဆုံးစစ်ဆေးမှုကိုခံယူပြီးမှသာကျွေးခွင့်ရှိပါတယ်တဲ့တိလေးတွေ ဗိုက်ဆာလွန်းလို့ အစာတောင်းနေကြတာကိုမကြည့်ရက်လို့မရရအောင်အကူအညီတောင်းပြီးအစားတွေဝဝလင်လင်ကျွေးခဲ့တယ်စိတ်ချမ်းသာစေတဲ့ပီတိတစ်မျိုးခံစားခဲ့ရတယ်လူတွေကျွေးမှစားရတဲ့သူတို့လေးတွေအခုလိုအချိန်မှာအဆင်မှပြေရဲ့လားမသိဘူးနော်အခြေအနေတွေအကောင်းပကတိအတိုင်းပြန်ဖြစ်တဲ့အခါ zoo သွားပြီးတိလေးတွေကိုအစာကျွေးကြမယ်နော် "ဆိုပြီးရေးသားထားခဲ့ပါတယ် ။
source: Patricia (Sue Sha Naing) 's facebook page
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။