အဆိုတော်မလေး ဆိုဖီယာကတော့ Myanmarn Idol Season 2 သီချင်းဆိုပြိုင်ပွဲကနေတစ်ဆင့် ပရိသတ်တွေကြားမှာ အောင်မြင်မှုရရှိလာသူဖြစ်ပြီး ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကိုလည်း အပြည့်အဝရရှိထားသူတစ်ယောက်ဖြစ်ပါတယ်။ ခပ်လန်းလန်းဖက်ရှင်လေးတွေကို ဝတ်ဆင်တတ်ပြီး လူမှုကွန်ယက်ထက် ချစ်စရာပုံရိပ်လေးတွေကို တင်ပေူလေ့ရှိတဲ့ သူမကတော့ ပရိသတ်တွေရဲ့ ရင်ထဲမှာနေရာတစ်ခုကိုရယူထားနိုင်ခဲ့သူဖြစ်ပါတယ်။

photo credit :Sophia Everest Aurora ' s facebook account
photo credit :Sophia Everest Aurora ' s facebook account

တစ်ကိုယ်တော်အခွေတွေလည်း ထွက်ရှိထားတဲ့ ဆိုဖီယာက သီချင်းသစ်လေးတွေလည်း ထပ်မံဖန်တီးနေကာ သီချင်းအသစ်တွေကိုလည်း ပရိသတ်တွေရှေ့ ချပြဖို့ ကြိုးစားနေတဲ့ ပြည်သူချစ်အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ နယ်ပွဲတွေမှာ ပရိသတ်တွေကို သီချင်းတွေနဲ့ အားပါးတရဖျော်ဖြေနေခဲ့တဲ့ သူမကတော့ ဖော်ဖော်ရွေရွေနေထိုင်တတ်တာကြောင့် အဆိုတော်တွေများစွာနဲ့ ညီအကိုမောင်နှမတွေလို ခင်မင်ရင်းနှီးရတဲ့ ပရိသတ်တွေရဲ့ အချစ်တော် အဆိုတော်တစ်ယောက်ပဲဖြစ်ပါတယ်။

photo credit :Sophia Everest Aurora ' s facebook account
photo credit :Sophia Everest Aurora ' s facebook account

သူမကတော့ ယခုမှာဆန်အိတ်တွေကို လှူဒါန်းနေခဲ့တာပဲဖြစ်ပါတယ်။သူမကတော့ "ဒီနေ့ ကိုယ်နိုင်သလောက် ဆန်တပြည် တအိတ် ၁၀၅ အိတ် ကိုလိုအပ်တဲ့သူများလိုက်ဝေပါမယ် အားလုံး Ready ပါကိုယ်သိတဲ့လိုအပ်တေဲ့နေရာလေးတွေ ရှိရင်လည်းညွှန်ပေးကြပါဦးနော် "ဆိုပြီး လူမှုကွန်ဟက်ထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် ဆိုဖီယာရဲ့ကောင်းမှုကုသိုလ်ပြုလုပ်နေခဲ့တဲ့ ကြည်နူးစရာပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Source:Sophia Everest Aurora ' s facebook account

photo credit :Sophia Everest Aurora ' s facebook account
photo credit :Sophia Everest Aurora ' s facebook account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။