မင်းသမီးချောလေး မျိုးစန္ဒီကျော်ကတော့ တစ်ချိန်က ပီပြင်တဲ့ ဇာတ်ရုပ်တွေနဲ့ အကောင်းဆုံးသရုပ်ဆောင်နိုင်တဲ့ ပြည်သူချစ်အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ ဇာတ်ကားပေါင်းများစွာမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ပရိသတ်တွေကိုဖျော်ဖြေခဲ့တဲ့ သူမကတော့ အနုပညာလောကမှာနေရာတစ်ခုကို အခိုင်အမာရယူထားနိုင်သူတစ်ယောက်ဖြစ်ကာ ယခုမှာတော့ဖိတ်ကြားခံရတဲ့ ပွဲတွေကို တတ်ရောက်လျက်ရှိနေတာပဲဖြစ်ပါတယ်။ 

photo credit : Hazel Hnin Wai
photo credit : Hazel Hnin Wai

ယနေ့အချိန်ထိပရိတ်သတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေကိုရရှိထားတဲ့ သူမကတော့ ချစ်စရာကောင်းတဲ့ သမီးလေးကို ပိုင်ဆိုင်ထားပြီးသမီးလေးနဲ့ အတူ ပျော်ရွှင်စရာကောင်းတဲ့ အချိန်တွေကို အတူတူဖြတ်သန်းနေခဲ့တာပဲဖြစ်ပါတယ်။  သူမကတော့ ယခုမှာ We Love Yangonနဲ့အတူ ပရဟိတအလုပ်တွေမှာ လုပ်အားပေးပြီးကောင်းမှုကုသိုလ်တွေပြုလုပ်နေခဲ့ပါတယ်။ 

photo credit : Hazel Hnin Wai
photo credit : Hazel Hnin Wai
photo credit : Hazel Hnin Wai

သူမကတော့ " We Love - Yangon ဆီသွားရောက်ပြီးပရဟိတ လုပ်အားပေးကုသိုလ် ပါဝင်လုပ်အားပေးခဲ့ပါတယ်ရှင် ခုနှစ်ရက်သားသမီးအပေါင်းကျရောက်နေတဲ့ကပ်ရောဂါဘေးမှ အမြန်ဆုံးလွတ်မြောက်ကြပါစေ " ဆိုပြီး သူမရဲ့လူမှုကွန်ယက်ထက်မှာရေးသားထားခဲ့ပါတယ်။ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး မျိုးစန္ဒီကျော်ရဲ့ ကောင်းမှုကုသိုလ်ပြုလုပ်နေတဲ့ ကြည်နူးစရာပုံရိပ်လေးတွေကိုဖော်ပြပေးလိုက်ပါတယ်။

source: Myo Sandy Kyaw ' s facebook account 

photo credit : Hazel Hnin Wai
photo credit : Hazel Hnin Wai

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။