မင်းသမီးချောလေးပက်ထရစ်ရှာကတော့ အောင်မြင်နေတဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်ပြီး ကျရာဇာတ်ရုပ်တိုင်းမှာ အကောင်းဆုံးသရုပ်ဆောင်နိုင်တဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ ဆွဲဆောင်မှုရှိတဲ့ အကြည့်လေးတွေကို ပိုင်ဆိုင်ထားသလို ချစ်စရာကောင်းတဲ့ အပြုံးလေးတွေကိုလည်း ပိုင်ဆိုင်ထားတဲ့ သူမကတော့ လူမှုကွန်ယက်ထက် ချစ်စရာပုံရိပ်လေးတွေကို တင်ပေးလေ့ရှိပြီး ပရိသတ်တွေရဲ့ အချစ်ကိုအပြည့်အဝရရှိထားသူလေးပဲဖြစ်ပါတယ်။ 

photo credit : Patricia (Sue Sha Naing) 's facebook page
photo credit : Patricia (Sue Sha Naing) 's facebook page

သူမကတော့  "အခုလိုအခြေအနေမျိုးမှာဝမ်းရေးအတွက်အဖြစ်မနေအပြင်ထွက်လုပ်ကိုင်စားသောက်နေရပြီး mask တို့ hand sanitizer တို့ကိုဝယ်ဖို့အခက်အခဲဖြစ်နေတဲ့စည်ပင်သန့်ရှင်းရေးဝန်းတမ်းများ၊ ဆိုက်ကားဆရာကြီးများ နှင့် အခြားသောအလုပ်သမားများအတွက် နှာခေါင်းစီး mask ၊ ရေမလိုလက်သန့်ဆေးရည် hand sanitizer နှင့် ပိုးသတ်ရေချိုးဆပ်ပြာ anti-bacterial soap တို့ကိုအဓိကထားပြီးအခြားသောမုန့်များ ခေါက်ဆွဲ ကော်ဖီမစ်အထုတ်များကို တကယ်လိုအပ်နေတဲ့သူအယောက် ၁၀၀ စာ တစ်ပိုင်တစ်နိုင်လေးလှူဒါန်းခဲ့ပါတယ် "ဆိုပြီးရေးသားထားခဲ့ပါတယ် ။

photo credit : Patricia (Sue Sha Naing) 's facebook page
photo credit : Patricia (Sue Sha Naing) 's facebook page

ပရိသတ်တွေရဲ့ ချစ်ခင် အားပေးမှုကို အခိုင်အမာ ရရှိခဲ့တဲ့ သူကတော့ယခုမှာ ဝမ်းရေးအတွက် မဖြစ်မနေအပြင်ထွက်နေရတဲ့သူတွေကို နှာခေါင်းစီးတွေ မုန့်တွေ ခေါက်ဆွဲ ကော်ဖီမစ်တွေလှူဒါန်းခဲ့ပါတယ်။ ချစ်ပရိသတ်တွေက် မင်းသမီးချောလေးပက်ထရစ်ရှာရဲ့ အမှန်တကယ်လိုအပ်နေသူတွေအတွကိ အစားအစာတွေကို လှူဒါန်းနေခဲ့တဲ့ ကြည်နူးစရာပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ 

source  : Patricia (Sue Sha Naing) 's facebook page

photo credit : Patricia (Sue Sha Naing) 's facebook page
photo credit : Patricia (Sue Sha Naing) 's facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။