မင်းသမီးချောလေးနေခြည်ဦးကတော့ အချိန်တစ်ခဏအတွင်း ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ရယူထားနိုင်သူတစ်ယောက်ဖြစ်ပြီး အောင်မြင်နေပြီဖြစ်တဲ့ ပြည်သူချစ် အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း အ​ကောင်းဆုံးကြိုးစားပြီးပါဝင်သရုပ်ဆောင်နေတဲ့ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ သူမကတော့ ယခုမှာလည်း ကြော်ငြာတွေကို ရိုက်ကူးနေသလို ပွဲတွေကိုလည်း အထာကျကျဖက်ရှင်လေးတွေနဲ့ တတ်ရောက်နေခဲ့တာပဲဖြစ်ပါတယ်။

photo credit :beauty by naychi ' s facebook page
photo credit :beauty by naychi ' s facebook page

သူမကတော့ ယခုမှာ အနက်ရောင်ဖက်ရှင်လေးတွေ ဝတ်ဆင်ပြီး ချစ်စရာကောင်းတဲ့ အပြုံးလေးတွေနဲ့ ကျက်သရေရှိလှပနေခဲ့ပါတယ်။ သူမကတော့ "လူတိုင်းကြောက်နေကြရတဲ့ #covid19 ကမ္ဘာ့ကျန်းမာရေးကပ်ဘေးကြီးမှာ မိမိအသက်ထက် ပြည်သူတွေရဲ့ အသက်ကျနိးမာရေးအတွက် ရှေ့တန်းထွက် ကာကွယ်တားဆီးပေးနေတဲ့ medical and social workers သူရဲကောင်းကြီးများအားလုံးကို နေခြည် အပါအဝင် chillies တွေအားလုံးက လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်မိပါတယ် "ဆိုပြီးရေးသားထားခဲ့ပါတယ်။

photo credit :beauty by naychi ' s facebook page
photo credit :beauty by naychi ' s facebook page

သူမကတော့ " Coronavirus ရောဂါရဲ့ ကွင်းဆက်ကို ဖြတ်တောက်ဖို့ လူသူထူထပ်တဲ့နေရာတွေကို ရှောင်ကြဉ်ပါတယ်။ တစ်ကိုယ်ရည်သန့်ရှင်းမှုကို ပုံမှန်လုပ်ဆောင်ပါတယ်။ သူရဲကောင်းကြီးတွေ မိမိအိုးအိမ်ကို ကျန်းကျန်းမာမာနဲ့ အမြန်ဆုံး ပြန်လာနိုင်ပါစေနော်။We stay home for you "ဆိုပြီးရေးသားထားခဲ့ပါတယ်။ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေးနေခြည်ဦးရဲ့ ချစ်စရာကောင်းလွန်းတဲ့ ပုံရိပ်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

source  - Nay Chi Oo’s Facebook Account

photo credit :beauty by naychi ' s facebook page
photo credit :beauty by naychi ' s facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။