ပရိသတ်ကြီးရေ လက်ရှိအချိန်တွင် ကမ္ဘာတစ်ဝှမ်းလုံး၌ ကျရောက်လျှက်ရှိသည့် COVID-19 ကပ်ရောဂါကြောင့် ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် ဇန်နဝါရီ လအတွင်းက စတင် ကျင်းပခဲ့သည့် ၂၀၂၀ MPT မြန်မာနေရှင်နယ်လိဂ် အမှတ်ပေး ဘောလုံးပြိုင်ပွဲကြီးကို မတ်လ ၂၄ ရက်မှ စတင် ရပ်နားပြီး ပွဲစဉ်များ အားလုံးကို ရွှေ့ဆိုင်းခဲ့ရာ ဧပြီလ ၆ ရက်မှ မေလ ၅ ရက်ထိ ဖွင့်လှစ်ပေးသွားရန် စီစဉ်ထားသည့် ရာသီဝက် အပြောင်းအရွှေ့ကာလ (Transfer Window Period) ကိုလည်း ဇွန်လ ၁ ရက်မှ ၃၀ ရက် ကာလသို့ ပြောင်းရွှေ့ဖွင့်လှစ် ပေးရန် ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (FIFA) သို့ တင်ပြအကြောင်းကြား ထားပြီး ဖြစ်ပါတယ်။

Photo Credit - Myanmar National League

ထို့အပြင် ယင်းကိစ္စကို ကလပ်အသင်းများ သို့လည်း တရားဝင် စာဖြင့် အသိပေး အကြောင်းကြားထားတယ်လို့လည်း သိရပါတယ်။ယခုပြောင်းရွှေ့မှုသည် အဆိုပါ ကာလမတိုင်မီ ကပ်ရောဂါကြီး ပြီးဆုံးသွားပြီး ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အစိုးရမှ ပွဲလမ်းသဘင်များ၊ အားကစားပွဲများကို ပြန်လည် ခွင့်ပြုမှသာ အကျုံးဝင်မည် ဖြစ်ပါတယ်။

Photo Credit - Myanmar National League

ထိုအချိန်ကာလ အထိ အားကစားပွဲများ ပြန်လည် ကျင်းပရန် မဖြစ်နိုင်သေးပါက ယင်းရာသီဝက် အပြောင်းအရွှေ့ကာလကို ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (FIFA) သို့ တင်ပြကာ ထပ်မံ ရွှေ့ဆိုင်းသွားမည် ဖြစ်ပါတယ်။ ကဲ...ဘောလုံးချစ်ပရိသတ်ကြီးရေ MPT Myanmar National League ပွဲစဉ်တွေကို ဇွန်လသို့ ပြောင်းရွှေ့ ကျင်းပမည်ဖြစ်ကြောင်း ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo Credit - Myanmar National League

Photo Credit - Myanmar National League

Source- Myanmar National League Facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။