ဗီဒီယိုဇာတ်ကားများ ရုပ်ရှင်ကားများနဲ့အနုပညာလောကထဲစတင်ဝင်ရောက်လာခဲ့ပြီး ပရိတ်သတ်အားပေးမှုရရှိထားတဲ့သူလေးကတော့ မင်းသမီးချောလေးအိချောပိုပါ။ သူမဟာ တင်းရင်းလှပတဲ့ခန္ဓာကိုယ်အချိုးအစားကိုလည်း ပိုင်ဆိုင်ထားပြီး ပုရိသတွေရဲ့အသည်းကျော် မင်းသမီးလေးတစ်ယောက်ဆိုလည်း မမှားပါဘူးနော်။ အိချောပိုဟာလတ်တလောတွင် ရုပ်ရှင်ကားကြီးများအဆက်မပြတ်ရိုက်ကူးနေပြီး ပရိတ်သတ်တွေအတွက် အကောင်းဆုံးကြိုးစားနေတာဖြစ်ပါတယ်။

အိချောပိုဟာ နဂိုကြည်လင်တဲ့မျက်နှာအသားအရည်လေးကိုပိုင်ဆိုင်ထားပြီး အပြုံးချိုချိုလေးတွေနဲ့ဆွဲဆောင်မှုရှိတဲ့သူတစ်ယောက်ပါ။ ကျရာဇာတ်ရုပ်ကိုပီပြင်စွာသရုပ်ဆောင်နိုင်တဲ့သူတစ်ယောက်လည်းဖြစ်တာကြောင့် အိချောပိုဟာ ဒိတ်ဒိတ်ကြဲမင်းသမီးတစ်ယောက်လည်းဖြစ်ပါတယ်နော်။

အိချောပိုဟာ သူမရဲ့လှုပ်ရှားမှုပုံရိပ်လေးများကို မကြာခဏဆိုသလို social networkတွင်တင်ပေးလေ့ရှိသူပါ။ ယခုလည်းသူမရဲ့Facebook စာမျက်နှာတွင်"ဒီနေ့တော့အိမ်ထဲမှာပဲ သောင်းကျန်းဖြစ်တယ်နောက်နေ့တော့ အိမ်ပြင်ထွက်ပြီးတတ်နိုင်သရွေ့အလှူလေးလုပ်မယ် အားလုံးပဲ covid 19 အန္တရာယ်မှ အမြန်ဆုံးကျော်လွှားနိုင်ကြပါစေရှင်" ဆိုပြီးသူမရဲ့ပုံရိပ်လေးများကိုတင်ပေးလာပါတယ်။ အိချောပိုရဲ့ပုံရိပ်လေးများကိုပရိတ်သတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source-Ei Chaw Po's Facebook acc

Photo credit-Ei Chaw Po's Facebook acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။