ပရိသတ်ကြီးရေ သရုပ်ဆောင်မင်းသမီးချောလေး ဂန္တာဝင် ကတော့ တစ်ခေတ်တစ်ခါက အနုပညာလောကမှာ ပရိသတ်တွေ အားပေးချစ်ခင်မှုကို ယနေ့အချိန်ထိ ရရှိနေတာဖြစ်ပါတယ်။သေးသေးသွယ်သွယ် အမိုက်စားခန္ဓာကိုယ်လေးအပြင် ကြည်လင်ဝင်းပနေတဲ့ အသားရည်လေးကို ပိုင်ဆိုင်ထားမင်းသမီးချောလေးပဲ ဖြစ်ပါတယ်။ အနုပညာအလုပ်တွေကို ခေတ္တရပ်နားထားခဲ့ပေမယ့် ပရိသတ်တွေနဲ့ ဝေးကွာမသွားအောင် ချစ်စရာကောင်းတဲ့ ပုံရိပ်လေးတွေလည်း တင်ပေးလေ့ရှိပါတယ်။

Photo Credit - Actress Gantawinn
Photo Credit - Actress Gantawinn

ဒါ့အပြင် သာယာပျော်ရွှင်တဲ့မိသားစုလေးကို ပိုင်ဆိုင်ထားပြီး အလှူဒါန်းတွေလည်း မကြာခဏဆိုသလို လှူဒါန်းလေ့ရှိပါတယ်။ ယခုမှာဆိုရင်လည်း လတ်တလောပြန့်ပွားကူးစက်နေတက်တဲ့ ကပ်ရောဂါဆိုးကြီးကြောင့် ဆင်းရဲ့နွမ်းပါးတဲ့ ပရိသတ်တွေကို ဧပြီလ ၇ ရက်တန်ခူးလပြည့်နေ့လေးမှာ တက်နိုင်သမျှ ပါဝင်လှူဒါန်းပေးခဲ့ပါတယ်။ သူမရဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာလည်း " တန်ခူးလပြည့်နေ့လေးမှာကိုယ်တတ်နိုင်တဲ့တစ်ပိုင်တစ်နိုင်အလှူလေးလုပ်လိုက်တယ်...ကိုယ်က(၅)သိန်းဖိုးလှူမယ်လို့စိတ်ကူးထားတော့ညီမျှတဲ့ packageတွေမှာလိုက်တယ်... We Love Yangon ကိုဖုံးခေါ်တာမရတာနဲ့ We Love South Okkalapa ကနေpackage-A (၂၅)ထုပ်, package-C(၁၀)ထုပ်မှာလိုက်တယ်...

Photo Credit - Actress Gantawinn
Photo Credit - Actress Gantawinn

ပိတ်ရက်ကလဲ(၁၀)ရက်,ဒီကြားထဲလူတွေအပြင်မထွက် home stay ဘဲနေကြတော့ဆိုက်ကားမောင်းရတဲ့ဆိုက်ကားသမားတွေမှာ နေပူထဲမှာတစ်နေကုန်နေနေရပီးစီးမယ့်လူလဲမလာတော့ သူတို့တွေကိုလှူမယ်ဆိုပီးကိုယ့်အိမ်ယာအနီးအနားမှာရှိတဲ့ဆိုက်ကားသမားတွေကိုလာယူဖို့ခေါ်လိုက်တာပစ္စည်းတွေကုန်သွားပေမယ့်လူတွေကျန်နေသေးလို့နောက်ထပ် (၁)သိန်းထပ်ဆိုက်ပီးလှူလိုက်တယ်...ကိုယ်တတ်နိုင်တဲ့တစ်ပိုင်တစ်နိုင်အလှူလေးကိုကိုယ့်ရဲ့ f.bကပရိသတ်တွေထပ်တူသာဓုခေါ်နိုင်အောင်တင်ပေးလိုက်တာပါ " ဆိုပြီးရေးသားဖော်ပြပေးထားပါသေးတယ်။ ပရိသတ်ကြီးလည်းအချစ်တော်လေး ဂန္တာဝင် ကို ဆုတောင်းမေတ္တာပို့သပေးပါဦး။

Photo Credit - Actress Gantawinn
Photo Credit - Actress Gantawinn

Photo Credit - Actress Gantawinn

Source- Actress Gantawinn Facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။