ချစ်ပရိသတ်ကြီးရေ သရုပ်ဆောင် မင်းသမီးချောလေးဖြစ်တဲ့ စိုးပြည့်သဇင် ကတော့ အနုပညာလောကမှာ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေနဲ့အတူ နေရာတစ်ခုကို အခိုင်အမာ ရပ်တည်ထားနိုင်ခဲ့ပြီလည်း ဖြစ်ပါတယ်။ သူမက ကျရာဇာတ်ရုပ်ကို ပီပြင်အောင် သရုပ်ဆောင်နိုင်တဲ့သူတစ်ယောက်ဖြစ်လို့ အကယ်ဒမီရွှေစင်ရုပ်ထုကြီးကိုလည်း ထိုက်ထိုက်တန်တန်ရရှိထားတဲ့ သူတစ်ယောက်ပဲ

ဖြစ်ပါတယ်။ သူမက စိတ်သဘောထားပြည့်ဝပြီး သူတစ်ပါးပေါ်မှာလည်း အမြဲကူညီတက်တဲ့ သူလေးဖြစ်တာကြောင့် ပရိသတ်တွေကလည်း အချစ်ပိုနေကြတာပဲဖြစ်ပါတယ်။

Photo credit - Soe Pyae Thazin's FB Account
Photo credit - Soe Pyae Thazin's FB Account

သူမက မိဘအပေါ်သိတက်တဲ့ သမီးလိမ္မာလေးဖြစ်တာကြောင့် ဘာလုပ်လုပ်အောင်မြင်မှုတွေကို များစွာရရှိနေတဲ့ သူတစ်ယောက်ဆိုရင်လည်း မမှားနိုင်ပါဘူးနော်... ။

ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ပါဝင်ရိုက်ကူးနေတဲ့သူမက မကြာသေးမီက ရုံတင်ပြသထားတဲ့ ရွှေမင်းသမီး ရုပ်ရှင်ဇာတ်ကားကြီးမှာလည်းပီပြင်စွာ သရုပ်ဆောင်ထားတာကြောင့် သူမရဲ့ ချစ်ပရိသတ်တွေက ချီးကျူးမဆုံးဖြစ်နေကြတာပဲ ဖြစ်ပါတယ်။ 

Photo credit - Soe Pyae Thazin's FB Account
Photo credit - Soe Pyae Thazin's FB Account

လတ်တလောမှာ စိုးပြည့်လေး​က တရုတ်နိုင်ငံက ကူးစက်ပြန့်ပွားလာတဲ့ ကိုရိုနာရောဂါကြောင့် အနုပညာလှုပ်ရှားမှုတွေ ကို ရပ်ဆိုင်းထားပြီး အိမ်မှာပဲနားနားနေနေ နေထိုင်နေတာလည်းဖြစ်ပါတယ်။ မကြာသေးမီအချိန်က သူမရဲ့ ဖေ့ဘွတ်စာမျက်နှာမှာ " ပိတောက်တစ်မျက်နှာ ဒီနှစ်သကြ်န်တော့ပိတောက်ပန်းလည်းမတွေ့ရတော့ဘူးပေါ့ " ဆိုတဲ့ စာသားလေးနဲ့အတူ ချစ်စရာ​ကောင်းတဲ့ ပုံလေးတွေကို တင်ပေးလါတာကြောင့် ချစ်ပရိသတ်ကြီး ကြည့်ရှုပြီး အချစ်ပိုမိစေရန်အတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..... ။

Photo credit - Soe Pyae Thazin's FB Account
Photo credit - Soe Pyae Thazin's FB Account

Source & Photo credit - Soe Pyae Thazin's FB Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။