မင်းသမီးချောလေး ထက်ထက်မိုးဦးလို့ဆိုလိုက်တာနဲ့ တစ်ချိန်က အောင်မြင်ကျော်ကြားခဲ့တဲ့ ကြော်ငြာဘုရင်မလေးကို ပြေးမြင်မိကြမယ် ထင်ပါတယ်နော်။ ထက်ထက်မိုးဦးကတော့ တစ်ခေတ်တစ်ခါက အရမ်းကိုလူကြိုက်များအောင်မြင်ခဲ့တဲ့ မင်းသမီးတစ်လက်ဆိုရင်လည်း မမှားပါဘူးနော်။ ယနေ့အချိန်အထိလည်း ထက်ထက်မိုးဦးက ပရိသတ်တွေရဲ့အားပေးမှုကို အခိုင်အမာရရှိထားတာ ဖြစ်ပါတယ် ။

Photo Credit- Htet Htet Moe Oo's FB Page
Photo Credit- Htet Htet Moe Oo's FB Page

လက်ရှိမှာတော့ ထက်ထက်မိုးဦးက ဇာတ်ကားတွေနဲ့ ကြော်ငြာတွေ ပြန်လည်ရိုက်ကူးရင်း အနုပညာအလုပ်တွေကို လုပ်ကိုင်နေပြီ ဖြစ်ပါတယ် ။ အခုတော့ ထက်ထက်မိုးဦးက သူမရဲ့အဖေရှိရာ မိုးကုတ်မြို့လေးကို ရောက်ရှိနေတာ ဖြစ်ပါတယ် ။ ထက်ထက်က မိုးကုတ်မှာရှိတဲ့ အဖေ့အိမ်လေးမှာပဲ အေးအေးချမ်းချမ်း အနားယူနေတာ ဖြစ်ပါတယ် ။

Photo Credit- Htet Htet Moe Oo's FB Page
Photo Credit- Htet Htet Moe Oo's FB Page
Photo Credit- Htet Htet Moe Oo's FB Page

မနေ့ညကလည်း ထက်ထက်က သူမရဲ့Facebook Page မှာ Live လွှင့်ပြီး ပရိသတ်တွေနဲ့ စကားတွေတစ်ဝကြီးပြောခဲ့တာလည်း ဖြစ်ပါတယ်။ ထက်ထက်ကတော့ ပရိသတ်တွေကို မိုးကုတ်ရဲ့ညအလှနဲ့အတူ သူမတို့အိမ်လေးကိုလည်း ပြသခဲ့တာဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ထက်ထက်မိုးဦးရဲ့ Live ဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Video Credit-Htet Htet Moe Oo's FB Page

Photo Credit- Htet Htet Moe Oo's FB Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။